သိန်း(၃၀၀၀)ကျော် လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ မိသားစု

Image:Fb/စမိုင်းလ် Smile

စမိုင်းလ် တို့ မိသားစု ကတော့ အလှူရေစက်လက်နဲ့ မကွာတဲ့ မိသားစုပါ။စည်းစိမ်ချမ်းသာ ပြည့်ဝ တဲ့ အပြင် ဘာ သာရေး လည်း ကိုင်းရှိုင်းတဲ့ မိသားစုပါ။စမိုင်းလ် က တော့ အနုပညာလောကထဲကို မော်ဒယ် မင်းသမီး တစ်ယောက် အဖြစ် နဲ့ စတင် ၀င် ရောက်လာခဲ့တာပါ။နောက်ပိုင်းမှာတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့ပါတယ်။ခင်ပွန်း ဖြစ်သူနဲ့ အတူတူ နိုင်ငံခြားမှာ ကြိုးစားရုန်းကန်လာရာ ကနေ အခုလိုမျိုး ချမ်းသာတဲ့ ဘ၀ကို ရောက်လာ ခဲ့တာပါ။အလှူရေ စက် လက်နဲ့ မကွာ တဲ့ သူမ တို့ မိသားစု ကတော့ သာဓု ခေါ် စရာ အလှူ တွေကို ဒီရက်ပိုင်းမှာ ဆက်တိုက် လုပ် ခဲ့ပါတယ်။

Image:Fb/စမိုင်းလ် Smile
Image:Fb/စမိုင်းလ် Smile

မကြာ သေးခင်က ကျ ရောက်တဲ့ စမိုင်းလ်ရဲ့ မွေးနေ့မှာ ဆိုရင်လည်း Fan တွေ ကို ငွေသားနဲ့ ဖုန်း Bill ကံစမ်း မဲ တွေ  ဖောက် ပေးခဲ့ပါတယ်။ဒါ့အပြင် သူမရဲ့ မွေးနေ့ အမှတ်တရ အ ဖြစ် တခြား အလှူ တွေ လည်း လုပ် ခဲ့ပါတယ်။ မွေးနေ့ အလှူ အ ဖြစ်နဲ့  ရန်ကင်း က လေး ဆေးရုံကို သိန်း (၁၄၀)တန် အသက်ရှုစက်၊ဒေါ်ခင်ကြည် ဖောင် ဒေး ရှင်ကို (၃၆)သိန်း လှူခဲ့ပါတယ်။

READ
(၂၀၁၉) ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Dwayne Johnson
Image:Fb/စမိုင်းလ် Smile
Image:Fb/စမိုင်းလ် Smile

“ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းလှူ ဒါန်းခြင်း…” ဆုိၿပီး စမိုင်းလ် က သူမရဲ့ Fb မှာ တင်ခဲ့ပါတယ်။ဒီ အလှူ တင်မကပါဘူး။ဘာသာရေး သာသနာ ရေး အတွက် လည်း လှူ ခဲ့ပါတယ်။အောင်ဇဗ္ဗူ တောရ ဆရာတော် ဘုရားရဲ့ ပြင်ဦး လွင်မှာ ဆောက်မယ့် နှစ်ထပ် ကျောင်း အတွက် သိန်း (၁၅၀၀) နဲ့ သစ်တံခါး ဆရာတော်ရဲ့ (၃)ထပ် ကျောင်း ဆောင် အတွက် သိန်း (၁၅၀၀) စုစုပေါင်း သိန်း (၃၀၀၀) လှူခဲ့ပါတယ်။

Source:FB/Smile

SHARE