ဖုန်းအလုံးတစ်ရာကျော် မဲဖောက်ပေးမယ့် စမိုင်းလ်တို့ မိသားစု

Image:Fb/စမိုင်းလ်

သရုပ်ဆောင် မင်းသမီးချော စမိုင်းလ် တို့ မိသားစု ကတော့ အလှူရေစက် လက်နဲ့ မကွာတဲ့ မိသားစုပါ။အလှူအတန်း လည်း ရက်ရောပြီး ဘာသာရေးကိုလည်း တော်တော် လေးကို လိုက်စား တာကို တွေ့ရပါတယ်။ချမ်းသာပြည့်စုံ ပေမယ့် မာန်မာန မထားပဲ အားလုံးကို စိတ်ကောင်းစေတနာနဲ့ ဆက်ဆံ တက်သလို စမိုင်းလ် ရဲ့  ပွင့်ပွင့်လင်း ပြောတတ်တဲ့ ပုံစံ လေး ကြောင့်လည်း ပရိသတ်တွေက သူမကို အချစ်ပိုနေကြတာပါ။

Image:Fb/စမိုင်းလ်

အလှူရေစက် လက်နဲ့ မကွာတဲ့ စမိုင်းလ် တို့ မိသားစု ကတော့  တကယ်လိုအပ်နေတဲ့ သူတွေ အတွက် အလှူ တစ်ခု ပြု လုပ်သွားမယ့် အစီအစဉ်ကို သူမရဲ့ Fb မှာ တင်ခဲ့ပါတယ်။မနက်ဖန် ဇန်န၀ါရီ (၁၉)မှာ ကျရောက်မယ့် သစ်တံခါးဆရာ တော်ရဲ့ မွေးနေ့အလှူမှာ စမိုင်းလ် တို့ မိသားစု ကလည်း အလှူ လေး တစ်ခု လုပ်သွားမှာပါ။ဖုန်းအလုံး တစ်ရာကျော်ကို ကံ စမ်း မဲ ဖောက်ပေးမယ့် အစီအစဉ် လေးကို ပြုလုပ်သွားမှာပါ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး စမိုင်းလ် က သူမရဲ့ အကောင့်မှာ အခုလို ဝေမျှ ထားပါတယ်။

READ
သစ္စာရှိပေးဖို့နဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ မှာလိုက်တဲ့ Ji Chang Wook
Image:Fb/စမိုင်းလ်
Image:Fb/စမိုင်းလ်

“သစ်တံခါးဆရာတော်ရဲ့မွေးနေ့အလှူအဖြစ် ကျမတို့မိသားစုမှ မနက်ဖြန် နေ့လည် ၁ နာရီ ၃နာရီ အထိ ဖုန်းအလုံး ၁၁၀ အားကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်နော် ☺️
မိမိအတွက်တကယ်လိုအပ်နေတယ်ဆိုရင် မနက်ဖြန်နေ့လည် ၁နာရီမှာ လှိုင်သာယာ ၁၀ရပ်ကွက် သစ်တံခါးကျောင်းမှာ လာရောက်ကံစမ်းနိုင်ပါတယ်ရှင် 🙏🏼..” ဆုိၿပီး တင်ထားပါတယ်။

Image:Fb/စမိုင်းလ်
Image:Fb/စမိုင်းလ်

ဖုန်းမဲ ဖောက်ပေးမယ့် အစီအစဉ်မှာတော့ တကယ်ပဲ လိုအပ်နေသူတွေကို ဦးစားပေးကံစမ်းခွင့် ပြု လိုက်ပါဆိုပြီး တော့လည်း သူမရဲ့ Fb Live မှာ မေတ္တာရပ်ခံ ထာပါတယ်။မနက်ဖန် နေ့လည် (၁)နာရီကနေ (၃)နာရီ အထိ  ဖုန်းအလုံး တစ်ရာကို လှိုင်သာယာ (၁၀)ရပ်ကွက် ၊သစ်တံခါးကျောင်းမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Source:Fb/စမိုင်းလ်

SHARE