ပြုံးပြုံးလေးနဲ့ စိတ်ဓာတ်ကျနေလို့ ကျနေမှန်းမသိတဲ့ Smile Depression ရဲ့လက္ခဏာများ

Freepik- cookie_studio

စိတ်ဓာတ်ကျနေတယ်၊ depression ဝင်နေတယ်လို့ပြောတာနဲ့ လူတွေတော်တော်များများဟာ ငိုယိုပြီးတော့ အလုပ်ပျက်၊ အကိုင်ပျက်၊ အိပ်ယာထဲပဲ တစ်ခွေခွေလဲနေတဲ့လူမျိုးလို့ပဲ ထင်တတ်ကြမှာပါ။ ဒါပေမဲ့ depression ဝင်တဲ့အခါမှာလည်း ဒီလိုမျိုးအမြဲတမ်းကြီး စိတ်ညစ်နေမှာမဟုတ်ပါဘူး။ ပျော်ပျော်နေပြီး အမြဲတမ်း ပြုံးနေတဲ့အတွက်ကြောင့် ဘေးပတ်ဝန်းကျင်က ကြည့်မယ်ဆိုရင် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်တောင်မှပဲ ကိုယ့်ဟာကိုယ် depression ဝင်နေတယ်လို့ မထင်တတ်တဲ့ depression အမျိုးအစားမျိုး ရှိနေပါတယ်။ အဲဒါကို smiling depression လို့ခေါ်ပါတယ်။ ဒါဆိုရင် smiling depression ရဲ့ လက္ခဏာလေးတွေကို ကြည့်လိုက်ရအောင်နော်။

(၁) ပျော်ရွှင်နေတတ်တယ်

ကိုယ့်ကို ကြည့်လိုက်တိုင်း အမြဲတမ်း တက်ကြွပြီးတော့ အကောင်းမြင်စိတ်တွေ ကြီးစိုးနေတာကြောင့် တော်ရုံဆို လူတွေက ကိုယ့်ကိုတော်တော်လေး အပူပင်ကင်းတဲ့ လူသားတစ်ယောက်အဖြစ် မှတ်ယူထားတတ်ကြပါတယ်။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ပတ်ဝန်းကျင်ကလူတွေကိုလည်း ပျော်နေစေတတ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲပျော်အောင်နေနေ၊ သင့်ရဲ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုလိုအပ်နေသလို အမြဲတမ်း ဟာတာတာဖြစ်နေတတ်ပါတယ်။

(၂) အမြဲတမ်း perfect ဖြစ်ချင်နေခြင်း

တခြားလူတွေရဲ့ အမြင်မှာ ကိုယ့်ကို perfect ဖြစ်နေသူတစ်ယောက်အဖြစ် မြင်စေချင်တဲ့ ပြဿနာ သင့်မှာရှိနေပါတယ်။ ကိစ္စသေးသေးလေးကစလို့ ဘဝနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေအထိ သူများတွေကို ကိုယ့်ရဲ့ အဆင်မပြေမှုတွေ လုံးဝမသိစေချင်တဲ့ စိတ်ကြီး ကြီးစိုးနေတတ်ပါတယ်။ ဒါကြောင့် အမြဲတမ်း အဆင်ပြေတယ်လို့ ဟန်ဆောင်နေတဲ့အတွက်ကြောင့် သိစိတ်က ကိုယ် depression ဝင်လို့ ဝင်နေမှန်းတောင် မသိနိုင်တော့တာမျိုးပါ။ အထူးသဖြင့် social media မှာပေါ့။

READ
ဥယျာဉ်ခြံ စိုက်ပျိုးခြင်းကြောင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ
Freepik- cookie_studio

(၃) သင့်အတွက် လူတစ်ယောက် လိုကို လိုအပ်နေတယ်

Smiling depression ဆိုတဲ့အမျိုးက လူတွေကို ကိုယ့်ရဲ့အားနည်းချက်တွေ မပြချင်တဲ့အတွက် ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ပတ်ဝန်းကျင်က ကိုယ့်ကို depression ဝင်နေမှန်း မသိတာမျိုး ဒါမှမဟုတ် ကိုယ်တိုင် သိစိတ်မှာ depression ဝင်နေတယ်ဆိုတာ မသိတော့တာမျိုးကို ဆိုလိုတာပါ။ ဒါပေမဲ့ smiling depression ကို ခံစားနေရသူ တော်တော်များများဟာ ဘဝမှာ လူတစ်ယောက်ကို အမြဲတမ်းလိုအပ်လျက်ရှိနေပါတယ်။ သူတို့စိတ်ထဲ ခံစားနေရတာတွေကို ပွင့်အန်ထုတ်နိုင်မယ့် လူမျိုးပေါ့။ အဲဒီလူရှေ့မှာ သူတို့ဟန်ဆောင်ထားသမျှ မျက်နှာဖုံးတွေကို ခွာချပြီး ပြိုလဲပစ်ချင်တတ်ကြပါတယ်။

(၄) အပြုံးမပျက်ဘူး

တစ်ခါတစ်လေ ဘဝမှာ အကြီးအကျယ် ခေါင်းမီးလောင်မတတ် ကျဉ်းထဲကြပ်ထဲရောက်ကြရတဲ့ အခိုက်အတန့်တွေ ရှိနေပါတယ်။ ဥပမာ အစည်းအဝေးမှာ အထက်က ဖိအားပေးပြီး အလုပ်ထွက်ရတော့မယ့် အခြေအနေမျိုးလိုပေါ့။ ဒီလိုအခြေအနေမျိုးမှာတောင် သင့်အနေနဲ့ ခပ်ပြုံးပြုံးပဲဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ smiling depression ကို ခံစားနေရတာ လုံးဝသေချာနေပါပြီ။ ဒီအပြုံးဟာ ဟန်ဆောင်ထားတာမဟုတ်ဘဲ စိတ်ထဲ ဗလောင်ဆူပြီး လောင်မြိုက်နေပေမယ့်လို့ ပါးစပ်က အလိုလို ပြုံးမိနေတာမျိုးပေါ့။

READ
သင်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်မယ့် အစားအသောက် (၃)မျိုး
Freepik- asier_relampagoestudio

(၅) ကိုယ့်ကိုယ်ကို အအားမထားခြင်း

Smiling depression ရှိနေတဲ့ လူအများစုရဲ့ လက္ခဏာတွေထဲမှာ ကိုယ့်ကိုယ်ကို အအားမထားတာမျိုးလည်း ပါဝင်လို့နေပါတယ်။ ဒါကြောင့် အဲဒီလူတွေကို ကြည့်လိုက်တိုင်း အမြဲတမ်း တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတတ်ကြတာပါ။ တကယ်တော့ သူတို့စိတ်ထဲ မအားနေရင် ဘာမှမတွေးတော့တဲ့အတွက် စိတ်သက်သာရာရနေလို့ အအားမနေကြတာပေါ့။

(၆) အငြင်းမခံနိုင်ကြဘူး

ဥပမာ ကိုယ်လုပ်ထားတဲ့ အလုပ်ကို အထက်က ပယ်ချတာမျိုး၊ ကိုယ်ချက်ထားတဲ့ ဟင်းကို ဘာလေးလိုနေတယ်လို့ ပြောတာမျိုး၊ ကိုယ်ချစ်ရတဲ့လူက ကိုယ့်ကို ပြန်မကြိုက်နိုင်တဲ့အခါမျိုး စတဲ့ ကိစ္စသေးသေးလေးတွေကအစ လုံးဝ အငြင်းမခံနိုင်ကြပါဘူးတဲ့လေ။ ဒီလိုခံလိုက်ရပြီဆိုရင် ဘဝကြီးတစ်ခုလုံး အရှုံးပေးချင်သလို ဖြစ်လာတတ်ပါတယ်တဲ့။

Freepik- cookie_studio

penny

SHARE