ဆေးလိပ်သောက်တဲ့သူတွေဟာ အိုမင်းရင့်ရော်မှုဒဏ်ကို နှစ်ဆ မြန်မြန်ခံစားရနိုင်

အသက် နှစ်ဆယ်အရွယ်မှာ  ပုံမှန် ဆေးလိပ်သောက်သူတို့ရဲ့ ဇီဝ ရုပ်အသက်ဟာ လက်ရှိရောက်ရှိနေတဲ့ အသက်အပိုင်းအခြားထက် အဆ နှစ်ဆယ်လောက် ပိုအိုမင်းသွားကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

လေ့လာသူတွေကလည်း ဒီလို မကောင်းတဲ့ အကျင့်စရိုက်က အသက်အရွယ် ရင့်ရော်မှုကို ပိုမို မြန်ဆန်စေကြောင်း သတိပေးနှိုးဆော်နေကြပါတယ်။

shutterstock

လူသားတွေရဲ့ ရုပ်ခန္ဓာမှာ မတူညီ အသက်အရွယ် နှစ်မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ နှစ်အလိုက် စဉ်ထားတဲ့ အသက်နဲ့ ဇီဝရုပ် အသက်ဆိုပြီး ဖြစ်ပါတယ်။ ဇီဝရုပ် အသက်ကတော့ ရှိရမယ့် ရုပ်ရည်ထက် ပိုမို ရင့်ရော်သွားတဲ့ အချက်ကို ရည်ညွှန်းလိုတာဖြစ်ပါတယ်။

သိပ္ပံပညာတွေက လူအယောက် (၁၀၀၀) လောက်ရဲ့ သွေးနမူနာတွေကို ယူပြီး ဆေးလိပ်သောက်ခြင်းက ဇီဝရုပ်အသက်အပေါ် ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို သုံးသပ်လေ့လာခဲ့ကြပါတယ်။

READ
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ် ဖရဲသီးစားပေးသင့်

အဲ့ဒီအခါမှာတော့ ဆေးလိပ်သောက်သူတွေရဲ့ ဇီဝရုပ်သက်ဟာ မသောက်တဲ့သူတွေနဲ့ ယှဉ်ရင် နှစ်ဆပိုမို ရင့်ရော်နေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတယ်။ အသက် (၃၀) အောက် အမှန်အကန် ဆေးလိပ်သောက်သုံးသူတွေရဲ့ ရုပ်ရည်ဟာ အသက် (၃၁-၄၀) နဲ့ (၄၁-၅၀) အရွယ်လိုဖြစ်နေကြောင်း ခန့်မှန်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ မသောက်တဲ့ သူတွေရဲ့ (၆၂) ရာခိုင်နှုန်းဟာ ရှိရမယ့် ရုပ်အသွင်တိုင်း အတိအကျ ရှိတာကို တွေ့ရှိခဲ့ရပါတယ်။

အသက်အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာတော့ ဒီ သက်ရောက်မှုကို မတွေ့ရတော့ဘဲ၊ သက်ရောက်မှုရှိတဲ့ သူတွေဟာလည်း သေဆုံးနှင့်ပြီးဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီ လေ့လာမှုကို ဆောင်ရွက်ခဲ့တာက မေရီလန်းပြည်နယ် Baltimore အခြေစိုက် Insilico Medicine ဆိုတဲ့ အဖွဲ့အစည်းက ဖြစ်ကြောင်း သိရပါတယ်။

READ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းကို ဘယ်လိုရယူမလဲ

လေ့လာသူတွေဟာ အသက်အရွယ်ကို ခန့်မှန်းတဲ့ နည်းပညာရပ်ကို အသုံးပြုခဲ့ကြပြီး ဇီဝရုပ်အသွင်ပိုင်းကို လေ့လာရာမှာတော့ သွေးချိုနှုန်း၊ သွေးထဲက ဂလူးကိုစ့် ပျော်ဝင်နှုန်း၊ သံဓာတ် သိုမှီထားမှုနဲ့ ယူရီးယာဓာတ်၊ ဆီးထဲ စွန့်ထုတ်ပစ္စည်းတွေ စတာတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီလို လေ့လာရာကနေ တွေ့ရှိခဲ့တာကတော့ ဇီဝရုပ် ယိုယွင်းတဲ့အပိုင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဆိုးတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုမှ ကင်းဝေးစေဖို့နဲ့ တခြားရောဂါဝေဒနာတွေ မခံစားရစေဖို့ ဆေးလိပ်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲဆိုပြီး တိုက်တွန်းနှိုးဆော်ထားပါသေးတယ်။

Ref: Fit World Sport

Matthew (ShweMOM)
SHARE