အစိုးရတားမြစ်ထားတဲ့ကြားက မြွေအလိမ္မာယ်ပညာရပ်ကို ဆက်လက်ထိန်းသိမ်းနေတဲ့ရွာလေး

Twitter/Gurvinder Singh

မြွေအလိမ္မာယ်ဆရာ ချစ်တိုဘီဒီယာဟာ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘင်္ဂလားပြည်နယ်က ရွာလေးတစ်ရွာဖြစ်တဲ့ ပိုရာဒစ်သ်မှာ နေထိုင်ပါတယ်။ ချစ်တိုက အသက်(၆၀) ရှိပါပြီ။ သူက မြွေအလိမ္မာယ်ပညာရပ်မှာ ကျော်ကြားတဲ့မျိုးနွယ်စုဖြစ်တဲ့ ဘီဒီယာမျိုးနွယ်ဝင်တစ်ဦး ဖြစ်ပါတယ်။  ချစ်တိုက တိုင်းရင်းဆေး ဖော်စပ်ရောင်းချတဲ့သူဖြစ်သလို မြွေအလိမ္မာယ်ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

Twitter/Gurvinder Singh

မြွေအလိမ္မာယ်ပညာရပ်က သူတို့မျိုးနွယ်စုဆီမှာတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ရှိလာခဲ့တာပါ။ ပိုရာဒစ်သ်မှာတော့ ဘီဒီယာမိသားစု (၁၀၀) ၀န်းကျင်လောက်ရှိပါတယ်။ ဘီဒီယာမျိုးနွယ်စုအများစုက မြွေတွေကိုလိုက်ဖမ်း၊ မြွေတွေကိုထိန်းသိမ်းကိုင်တွယ်ပြီး မြွေတွေနဲ့ နီးနီးကပ်ကပ်နေကြလေ့ ရှိသူတွေ ဖြစ်ပါတယ်။ ရွာခံတွေကတော့ ချို့တဲ့နွမ်းပါးသူတွေများပါတယ်။ တစ်ချို့ဆိုရင် ရွှံ့မံထားတဲ့ တဲအိမ်လေးတွေမှာပဲ နေပြီး တစ်နေ့မှ (၁-၂) ဒေါ်လာလောက်ပဲ ၀င်ငွေရှိကြပါတယ်။

Twitter/Gurvinder Singh

အိန္ဒိယအစိုးရကတော့ မြွေအလိမ္မာယ်ပညာရပ်ကို လွန်ခဲ့တဲ့ နှစ်(၄၀) လောက်ကတည်းက တားမြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း ပိုရာဒစ်သ်ရွာလေးကတော့ သူတို့ရဲ့သမိုင်းနဲ့ ယဉ်ကျေးမှုအစဉ်အလာကို ဆက်ထိန်းသိမ်းဖို့လိုတယ်ဆိုပြီး မြွေအလိမ္မာယ်လုပ်ငန်းကို ဆက်လုပ်ပြီး အသက်မွေးဝမ်းကြောင်းနေတာ ဖြစ်ပါတယ်။ ရိုးရာမြွေအလိမ္မာယ်ပညာရပ်မှာတော့ မြွေဟာ နတ်ဆိုးကို ရည်ညွှန်းပါတယ်။ ဒါကြောင့် မြွေအလိမ္မာယ်သမားတစ်ယောက်ဟာ နတ်ဆိုးလို့သတ်မှတ်ထားတဲ့မြွေကို တေးသီချင်းတီးမှုတ်ပြီး နတ်ဆိုးကို ယဉ်ပါးလာအောင် ပြုလုပ်တဲ့သဘောမျိုးနဲ့ မိမိပညာအစွမ်းကို ပြသရတာ ဖြစ်ပါတယ်။

READ
ရဲစခန်း ခေါ်တာ မလိုက်ချင်လို့ အင်္ကျီတွေ ချွတ်ချပစ်ခဲ့တဲ့ အိန္ဒိယမော်ဒယ်
Twitter/Gurvinder Singh

ဘီဒီယာမြွေအလိမ္မာယ်သမားအများစုက အိန္ဒိယမြွေဟောက်တွေနဲ့ အလုပ်လုပ်ကြပါတယ်။ အိန္ဒိယမြွေဟောက်တွေကတော့ အဆိပ်ပြင်းလွန်းတဲ့မြွေမျိုးတွေပါ။ သူတို့ကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ် လူ(၁) သောင်းဝန်းကျင် သေဆုံးလေ့ရှိပါတယ်။ မြွေအလိမ္မာယ်ပညာကို ဆန့်ကျင်တဲ့သူတွေကတော့ ဒီအလုပ်က တိရစ္ဆာန်ကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်တာလို့ ဆိုပါတယ်။ အထူးသဖြင့် မြွေတွေက သူတို့ရဲ့အဆိပ်ကို အထုတ်ခံနေရတဲ့အချိန်မှာ ပင်ပန်းတကြီး ခံစားကြရတယ်လို့ သိရပါတယ်။ တချို့ကျတော့ ဒီထက်ပိုဆိုးတဲ့နည်းလမ်းတွေကို သုံးပါသေးတယ်။ ဥပမာဆိုရင် မြွေစွယ်ကို ချိုးဖယ်ပစ်တာ၊ မြွေပါးစပ်မဟနိုင်အောင် ပါးစပ်ကို ကြိုးစည်းထားတာ စတာတွေကို လုပ်လေ့ရှိပါတယ်။

Twitter/Gurvinder Singh
Twitter/Gurvinder Singh

ပိုရာဒစ်သ်မှာတော့ လူကြီးတွေက မြွေအလိမ္မာယ်ပညာရပ်ကို  ရိုးရာအမွေမို့လို့ဆိုပြီး လုပ်ကိုင်လေ့ရှိကြပေမယ့် လူငယ်ပိုင်းကတော့ ဒီလုပ်ငန်းနဲ့ တက်လမ်းမရှိဘူးဆိုပြီး မလုပ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း ဘီဒီယာမျိုးနွယ်စုတွေက မွေးကတည်းက မြွေနဲ့နပန်းလုံးပြီး ကြီးလာတာကြောင့် မြွေတွေကို လိုက်ဖမ်းတဲ့အလုပ်၊ မြွေအလိမ္မာယ်ပြစားတဲ့အလုပ်မျိုးတွေမဟုတ်ရင် တခြားအလုပ်တွေကို သူတို့က မလုပ်တတ်ပါဘူး။ ပိုရာဒစ်သ်ရွာရဲ့ မြေကလည်း စိုက်ပျိုးလို့ကောင်းတဲ့ ယာမြေမဟုတ်တဲ့အတွက် ရွာသားအများစုဟာ အခုထက်တိုင် မြွေအလိမ္မာယ်လုပ်ငန်းနဲ့ပဲ ဘ၀ကို ရုန်းကန်နေရတဲ့အကြောင်း insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ရပါတော့တယ်။

READ
ကလေးငယ်ကို မှတ်တိုင်မှားချပေးခဲ့တဲ့ ကျောင်းကားကုမ္ပဏီကို တရားစွဲဆိုလိုက်တဲ့မိခင်
Twitter/Gurvinder Singh

လင်းလင်း (ShweMom)

SHARE