ဧရာမ တောကြီးမွေဟောက်ကြီး မိလ္လာခွက်ထဲက ထွက်လာလို့၊ ထိတ်လန့်ခဲ့ရတဲ့ အမျိုးသား

Facebook/AdisakThamosil

ထိုင်းနိုင်ငံအမျိုးသားတစ်ယောက်ဟာ ရေအိမ်အသုံးပြုဖို့ ပြင်ဆင်စဉ်မှာ အလွန်ကြီးမားတဲ့ တောကြီးမြွေဟောက်တစ်ကောင် မိလ္လာခွက်ထဲကနေ ခေါင်းပြူထွက်လာတာကို တွေ့ရပါတယ်တဲ့။ မြွေဟောက်ကြီးအနေနဲ့ အောက်က ရေဆိုးထုတ်ပိုက်ကနေတစ်ဆင့် အပေါ်ကို တက်လာခဲ့ပုံပါဘဲ။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

အိမ်သာဟာ ကားဂိုထောင်အနီးမှာ ရှိပြီး၊ ခေါင်းပြူထွက်လာတဲ့မြွေကြီးကို သေသေချာချာ ကြည့်လိုက်မှ မြွေဟောက်ကြီးဆိုတာ သိလိုက်ရတာပါတဲ့။ ကံကောင်းတာက ဒီမတိုင်ခင် အိမ်သာကို ဘယ်သူမှ အသုံးမပြုခဲ့တာပါဘဲ။ မဟုတ်ရင် မြွေက အန္တရာယ်ပြုတာကို ခံရနိုင်ပါတယ်။ သူဟာ မြွေဟောက်ကြီးကို ကြိုးနဲ့ ကွင်းလျှောပုံစံပြုလုပ်ပြီး ဆွဲထုတ်ခဲ့ရတာပါ၊

ဒီအကြောင်းကို Adisak Thanomsil အမည်ရ Facebook အကောင့်ကနေ ပြန်လည်မျှဝေထားပါတယ်။ သူဟာ မြွေတွေ့ခဲ့တဲ့ ကာယကံရှင်ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ သူဟာ မြွေကြီးကို ခက်ခက်ခဲခဲ ဆွဲထုတ်နေရပုံ ရှိပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ အခုအဖြစ်အပျက်အတွက် အတော်လေးကို ထိတ်လန့်နေပါတယ်။

ณ ห้องน้ำ โรงรถใกล้ๆอู่เมื่องูเห่า เข้าไปนอนขดอยู่ใน คอห่าน ดีนะที่ไม่มีใครไปนั่งขี้ ไม่งั้นอนาคอนด้าคงโดนกัด

Posted by Adisak Thanomsil on Monday, January 6, 2020

နောက်ပြီး တစ်ခြားသူတွေလည်း ဒီလိုအဖြစ်မျိုးကို သတိထားဖို့ မှတ်ချက်ရေးသူတွေ ရှိခဲ့ပါတယ်။ တစ်ချို့ကလည်း သူတို့ ခင်မင်ရင်းနီးရသူတွေကို နာမည်တွေ Mention ခေါ်ပြီး၊ သတိထားကြဖို့ ပြောထားပါတယ်။ မြွေဟောက်တွေဟာ အဆိပ်ပြင်းထန်လွန်းတဲ့ တွားသွားသတ္တဝါတွေဖြစ်ပြီး၊ အလွန်ရန်လိုတတ်ကြပါတယ်။

တစ်ချို့ကတော့ မိလ္လာခွက်ကို အသုံးမပြုခင်မှာ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိမရှိ သေချာစစ်ဆေးဖို့လိုတယ်လို့လည်း အကြံပေးခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း စပါးအုံးမြွေကြီးတစ်ကောင် နေအိမ်တစ်ခုရဲ့ အိမ်သာမိလ္လာခွက်ထဲကနေ ထွက်လာခဲ့တဲ့အဖြစ် ဖြစ်ခဲ့ပါသေးတယ်။

လင်းသူရိန်

SHARE