တော်ရုံလူတွေ မြင်နိုင်ဖို့ ခက်ခဲတဲ့ ခြုံပုတ်ထဲမှာ ပုန်းနေတဲ့ မြွေတစ်ကောင်

မျက်လုံးအမြင်ဟာ ထွေပြားသွားရင် တစ်ခါတလေ အမြင်ရောထွေးမှုတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အရောင်ရဲ့ လှည့်စားမှုကြောင့် အမြင်အာရုံထွေပြားနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံနှစ်ပုံအနက်၊ တစ်ခုကတော့ အရောင်ရောထွေးမှုကြောင့် အမြင်လည်း ရောထွေးမှုဖြစ်လေ့ရှိပါတယ်။

Snake Out Brisbane Snake Catchers

ဒီဓာတ်ပုံတွေကို The Sun သတင်းစာက ဖော်ပြထားတာ ဖြစ်ပါတယ်။ ပထမဓာတ်ပုံထဲမှာ ခြုံပုတ်ထဲကို ပုန်းနေတဲ့ မြွေအမျိုးအစားကတော့ Eastern brown snake လို့ ခေါ်ပါတယ်။ အဆိပ်ပြင်းထန်တဲ့ Pseudonaja မြွေအမျိုးအစားထဲမှာပါဝင်ပါတယ်။ ဒီမြွေဟာ ကမ္ဘာပေါ်မှာတော့ ဒုတိအဆိပ်အပြင်းထန်ဆုံး မြွေမျိုးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Snake Out Brisbane Snake Catchers

သြစတေးလျှမှာ အလွန်ပေါပြီး၊ ကိုယ်ရောင်ဖျောက်လည်း အလွန်ကျွမ်းပါတယ်။ အပေါ်က ဓာတ်ပုံထဲမှာ မြွေကို မတွေ့ရဘူးဆိုရင်တော့ အထက်မှာ Circle ပြထားတဲ့ပုံကို ရှုစားနိုင်ပါတယ်။ နောက်ထပ် ဓာတ်ပုံတစ်ခုကတော့ ခြံစည်းရိုးပေါ်မှာ ရောက်နေတဲ့ မြွေတစ်ကောင်ရဲ့ ဓာတ်ပုံပါ။

SUNSHINE COAST Snake Catchers

ဒီဓာတ်ပုံကတော့ အရောင်ရောထွေးမှုကြောင့် မဟုတ်ဘဲ၊ မြင်ကွင်းက အနည်းငယ်အလှမ်းဝေးတော့ မြင်ရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် သေချာ ဂရုတစိုက်ကြည့်မယ်ဆိုရင်တော့ မြွေကို ကောင်းကောင်း မြင်ရပါတယ်။ မြွေကတော့ စပါးအုံးမြွေလို့ ယူဆရပါတယ်။

READ
မွေးကင်းစညီမလေးကို လက်က မလွှတ်ပေးနိုင်အောင် အချစ်ပိုနေတဲ့ တစ်နှစ်သမီးလေးရဲ့ ဗီဒီယို
SUNSHINE COAST Snake Catchers

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE