အရက်သမားနဲ့ဆေးသမားကြားက ကွာခြားမှုကိုပြောခဲ့လို့အဝေဖန်ခံနေရတဲ့ Snoop Dogg

Shutterstock / stedalle

အမေရိကန်ရဲ့ နာမည်ကျော် ရက်ပ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Snoop Dog တစ်ယောက်ကတော့ အရက်သောက်သူတွေနဲ့ ဆေးခြောက်သုံးစွဲသူတွေအကြား ကွာခြားမှုကို ဆိုရှယ်မီဒီယာပေါ်မှာ ပြောခဲ့မိလို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

Snoop Dog ရဲ့လုပ်ပုံကိုလည်းကြည့်ပါဦး။ အသက် (၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Snoop Dog ဟာ သူ့ရဲ့အသက် (၂၀)အရွယ်ကပုံနဲ့ လက်ရှိဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ ယှဉ်တွဲပြသခဲ့ပါသေးတယ်။

ဒါပေမယ့် သူက နောက်ထပ် လူတစ်ဦးရဲ့အသက် (၂၀)အရွယ် ဓာတ်ပုံနဲ့ အသက် (၄၇)နှစ်အရွယ် ဓာတ်ပုံကိုလည်း ထပ်မံယှဉ်တွဲပြခဲ့တာပါ။ အဲဒီလူကတော့ အင်္ဂလန်ရဲ့ဘောလုံးအကျော်အမော်ဟောင်းကြီး ဂက်စ်ကွိုင်နီ ပါပဲ။

 

 

View this post on Instagram

 

A post shared by snoopdogg (@snoopdogg) on

Snoop Dog ဟာ ဆေးခြောက်သုံးသူနဲ့ အရက်သောက်သူ ဘယ်လိုကွာခြားသလဲဆိုတာ ဒီဓာတ်ပုံတွေနဲ့ ပြသသွားခဲ့တာဖြစ်ပြီး ရုပ်ရည်ချင်း ယှဉ်ကြည့်လိုက်တာနဲ့ သိနိုင်တယ်လို့ ရေးသားသွားခဲ့တာပါ။

အသက်(၂၀)အရွယ်တုန်းက ဂက်စ်ကွိုင်နီဟာ ငယ်ရွယ်ပြီး တက်ကြွတဲ့ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အရက်စွဲသွားခဲ့ပြီး အောင်မြင်မှုတွေ ဆုံးရှုံးခဲရသလို အသက်ကြီးလာချိန်မှာလည်း သူ့ရဲ့ပုံစံက ဆိုးဆိုးရွားရွားဖြစ်နေခဲ့တာပါ။

READ
တက်တူးတွေကို ဖျက်ပစ်ရာကတဆင့် ပိုးဝင်သွားခဲ့တဲ့ အမျိုးသမီးရဲ့ ဒုက္ခ

 

 

View this post on Instagram

 

A post shared by snoopdogg (@snoopdogg) on

Snoop Dog ကတော့ သူဟာ ဆေးခြောက်စွဲနေသူတစ်ယောက်ဖြစ်ပေမယ့် အသက် (၂၀)က ပုံနဲ့ လက်ရှိဓာတ်ပုံဟာ သိပ်ပြီးကွာခြားမှု မရှိကြောင်းနဲ့ ဆေးခြောက်ဟာ လူတွေကို ဒုက္ခပေးနိုင်ခြင်းမရှိဘူးဆိုတာကို ပရိသတ်တွေသိအောင် ပြောပြလိုက်တာပါ။

ဒါပေမယ့် တစ်ဖက်မှာတော့ ဂက်စ်ကွိုင်နီရဲ့ ပရိသတ်တွေက သူ့ကို ဒေါသထွက်ခဲ့ကြပြီး သူတို့အားပေးခဲ့ကြတဲ့ ဘောလုံးသမားကြီးကို အဲဒီလို ဆိုးရွားတဲ့ပုံတွေနဲ့ အရှက်မခွဲသင့်ဘူးလို့ ဝေဖန်နေကြတာပါ။

 

Snoop Dog ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ဆေးခြောက်ရဲ့ကောင်းကျိုးတွေကို ပရိသတ်တွေသိအောင် နည်းလမ်းအမျိုးမျိုးနဲ့ ဖြန့်ချိနေသူဖြစ်ပြီး သူကိုယ်တိုင်လည်း နာမည်ကျော် ဆေးခြောက်သမားတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။

READ
ပျောက်ဆုံးနေတဲ့ချစ်သူကို (၁၂)နှစ်ကြာပြီးနောက် မက္ကဆီကိုမှာပြန်တွေ့ခဲ့

Linn

Source : sky.com

SHARE