မဲပေးခွင့်မရှိဘူးလို့ ထင်နေခဲ့ပြီး ဘဝမှာ တစ်ခါမှ မဲမပေးခဲ့ဘူးတဲ့ Snoop Dogg

Instagram- @snoodogg

Snoop Dogg ကတော့ Hip hop လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့တာ ၁၉၉၂ ခုနှစ်ကတည်းကဆိုတော့ ကိုယ်မမွေးခင် ၄ နှစ်လောက်ကတည်းကလို့ ဆိုရမှာပဲ။ ဆယ်စုနှစ်နှစ်ခုစာလာက်အထိ အနုပညာလောကထဲ နာမည်ကြီးနေဆဲဖြစ်တဲ့ Snoop Dogg ဟာ သူ့ဘဝမှာ တစ်ခါမှ မဲမပေးခဲ့ဘူးပါဘူးတဲ့လေ။

Instagram- @snooopdogg

ဒီအကြောင်းကိုတော့ Big Boy နဲ့ Real 92.3 ရေဒီယိုအစီအစဉ်တစ်ခုမှာ အင်တာဗျူးလုပ်ရင်းဖြေသွားခဲ့တာပါ။

လက်ရှိအချိန်မှာ အမေရိန်နိုင်ငံရဲ့ရွေးကောက်ပွဲကာလကလည်း စနေပြီမလို့ အနုပညာရှင်တွေ၊ နာမည်ကျော်တွေအနေနဲ့ ဘယ်သူ့ကို မဲပေးကြမလဲဆိုတာကို ပြည်သူတွေအနေနဲ့လည်း အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ ဒါကြောင့် အစီအစဉ်ရဲ့host Big Boy ကလည်း Snoop Dogg ကို ကြုံတုန်းကြုံခိုက် ရွေးကောက်ပွဲအကြောင်း မေးလာခဲ့ပါတယ်။

ဒီအစီအစဉ်ကျမှပဲ Snoop Dogg အနေနဲ့ အခုအရွယ်ထိရောက်အောင် တစ်ခါမှ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲတွေမှာ မဲမပေးဘူးဆိုတာ သိခဲ့ရတယ်။ အကြောင်းကတော့ သူ့ဆီမှာ ပြစ်မှုကျူးလွန်ထားခဲ့တဲ့ မှတ်တမ်းရှိနေတာကြောင့် အရပ်ပြောရာဇဝင်တွေအရ ဒီလို ပြစ်မှုဟောင်းရှိခဲ့တဲ့လူတွေအနေနဲ့ မဲပေးခွင့်မရှိဘူးဆိုတဲ့စကားကို ယုံကာ တစ်ခါမှ မဲမပေးခဲ့တာပါတဲ့။ ရွေးကောက်ပွဲမှာ မဲမမေးတဲ့ပြည်သူတစ်ယောက်ရဲ့ ဗလာမဲတစ်မဲက ဘယ်လောက်အရေးပါလဲ သိကြမှာပါပဲ။ မဲပေးခွင့်ရှိတယ်ဆိုတာလည်း သိတာ သိပ်တောင်မကြာသေးပါဘူး။

READ
ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့ အရမ်းကိုချစ်စရာကောင်းနေတဲ့ ဝတ်မှုန်ရွှေရည်
Instagram- @snoodogg

Snoop Dogg ကတော့ ဒါကို ပတ်ဝန်ကျင်ရဲ့ brainwash အလုပ်ခံထားရတယ်လို့ သုံးနှုန်းထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုတစ်ခေါက် ရွေးကောက်ပွဲမှာတော့ သူ့အနေနဲ့ ပထမဆုံး မဲပေးကို ပေးတော့မှာပါတဲ့။ သေချာတာကတော့ လက်ရှိသမ္မတမဟုတ်ဘူးဆိုတာပါ ထည့်ပြောဖြစ်အောင် ပြောခဲ့ပါသေးတယ်။

ဒါကတော့ အင်တာဗျူးဗီဒီယိုအပြည့်အစုံပါ။

Penny

SHARE