တင်းနစ်ကွင်း (၁၀) ကွင်းစာလောက်ရှိတဲ့ ပိုလန်က နှင်းဝင်္ကပါကြီး

facebook/Snowlandia Sniezny Labirynt

ဇာကိုပိန်းဆိုတဲ့ မြို့လေးတစ်မြို့ကို ဥရောပသားတော်တော်များများတော့ ကြားဖူးကြပါတယ်။ ဇာကိုပိန်းမြို့လေးကို ပိုလန်နိုင်ငံရဲ့ နှင်းမြို့တော်ကြီးလို့ သမုတ်ကြပါတယ်။ ဆောင်းရာသီအားကစားမျိုးစုံရှိရာ ထူးခြားတဲ့ မြို့ကလေးဖြစ်ပြီး စကီအပန်းဖြေစခန်းတွေလည်း ရှိပါတယ်။

မြို့လေးကို ထူးခြားစေတဲ့ နောက်တစ်ချက်ကတော့ ဇာကိုပိန်းရဲ့နှင်းဝင်္ကပါကြီးပဲ ဖြစ်ပါတယ်။ ဒီနှင်းဝင်္ကပါကြီးဟာ ကမ္ဘာ့အကြီးဆုံး နှင်းဝင်္ကပါလို့လည်း ဆိုနိုင်ပါတယ်။ ၀င်္ကပါကြီးဟာ တင်းနစ်ကွင်း (၁၀) ကွင်းစာထက်တောင် ကြီးသေးတဲ့အပြင် အတွင်းမှာ ရေခဲထုပေါင်း (၆၀,၀၀၀) ကို ထွင်းထုထားတာ ဖြစ်ပါတယ်။

ပိုလန်က ကမ္ဘာ့အကြီးဆုံး နှင်းဝင်္ကပါကြီး ဖြစ်ပါတယ်။

facebook/Snowlandia Sniezny Labirynt

ဝင်္ကပါကြီးပြီးစီးဖို့အတွက် အချိန်တစ်လတာ ယူရပါတယ်။ အလုပ်သမား အယောက်(၅၀) နဲ့ ရေခဲတုံးပေါင်း (၆) သောင်းကျော်သုံးပြီး တည်ဆောက်ထားခဲ့တာပါ။ ဒါ့အပြင် နှင်းရဲတိုက်လည်း ရှိပြီး အတွင်းမှာတော့ လျှို့ဝှက်ရတနာတွေနဲ့ ရေခဲရုပ်ထုတွေ ထုဆစ်ထားတဲ့ အခန်းတွေ ရှိပါတယ်။

facebook/Snowlandia Sniezny Labirynt

ဝင်္ကပါကြီးဟာ စတုရန်းမီတာ (၂,၅၀၀) ကျယ်ဝန်းပါတယ်။

facebook/Snowlandia Sniezny Labirynt

ရေခဲတုံးပေါင်း (၆,၀၀၀) ကို ဖြတ်ထွင်းပြီး တည်ဆောက်ထားတာပါ။

facebook/Snowlandia Sniezny Labirynt

ညနေပိုင်းမှာတော့ ၀င်္ကပါကြီးကို ရောင်စုံမီးတွေနဲ့ ထွန်းညှိထားတဲ့အတွက် တောင်တန်းနေရာတစ်ခုလုံးဟာ နတ်သမီးပုံပြင်ထဲမှာ တွေ့ရသလိုမျိုးပါပဲ။

facebook/Snowlandia Sniezny Labirynt

အလုပ်သမား(၅၀) တို့ဟာ တစ်လကြာအောင် ဆောက်လုပ်ခဲ့ကြပါတယ်။

facebook/Snowlandia Sniezny Labirynt

အတွင်းပိုင်းထဲမှာတော့ လျှို့ဝှက်ရတနာတွေနဲ့ မျှော်စင်လည်း ရှိပါတယ်။

facebook/Snowlandia Sniezny Labirynt

အတွင်းပိုင်းထဲက အပြင်အဆင်ကိုတော့ ပိုလန်နဲ့ စလိုဗက်ကီးယား အနုပညာရှင်တွေက တည်ဆောက်ခဲ့တာပါ။ နှင်းဝင်္ကပါကြီးဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားထဲမှာတော့ တော်တော်လေးခေတ်စားတဲ့နေရာဖြစ်နေပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ နှင်းဝင်္ကပါကြီးကိုတော့ (၂၀၂၀) ဇန်န၀ါရီလကစပြီး အများပြည်သူထံ ဖွင့်လှစ်ပြသမယ်လို့ သိရပါတယ်။

READ
အလည်အပတ်သွားသင့်တဲ့ ကမ္ဘာ့အလှဆုံး ထိပ်တန်းနိုင်ငံ(၁၀) နိုင်ငံ

လင်းလင်း (ShweMom)

SHARE