မေလကြီး နှင်းတွေကျလို့ အံ့သြ နေကြတဲ့ New York မြို့သူ မြို့သားများ

Image:twitter/orchid/uly/joe

(၂၀၂၀) ကတော့ တကယ့်ကို တခြားနှစ်တွေနဲ့ လုံးဝ မတူတဲ့ နှစ်တစ်နှစ်ပါ။မရိုးနိုင်တဲ့ Surprise တွေ တစ်ခု ပြီး တစ်ခု တိုက်နေပါတယ်။ကိုရိုနာ ကူးစက်မှု ကြောင့် တစ်ကမ္ဘာလုံးနီးပါး အိမ် တွင်း အောင်း Lock down ချ ခံ ခဲ့ရ တဲ့ အပြင် အခုလည်း  အမေရိကန် နယူးယော့ခ် မှာ မေလကြီး နှင်းတွေ ကျ ခဲ့ပါတယ်။ဒီ အကြောင်းကိုတော့  Daily Mail မှာ ဖော်ပြထားပါတယ်။မေလကြီးကျမှ ရုတ်တရက်နှင်းတွေ ကျ လာလို့ နယူးယော့ခ် မြို့သူ မြို့သား တွေ က တော့ အရမ်း အံ့သြ ခဲ့ကြပါတယ်။တွစ်တာ စာမျက်နှာပေါ်မှာတော့ နှင်းကျ တဲ့ ဖြစ်ရပ်ဆန်းကြီးကို ဓါတ်ပုံတွေ၊ ဗီဒီယို ဖိုင် တွေ ရိုက်ပြီး တင်ထားတဲ့ Post တွေ ပလူပျံ နေပါတယ်။

 


နှင်းတွေ ကတော့ မေလ (၉)ရက်နေ့က ကျ ခဲ့တာပါ။ကျတဲ့ နှင်းတွေ ကတော့ (၁၉၇၇)ခုနှစ်တုန်းက ကျခဲ့တဲ့ နော က်အကျ ဆုံး နှင်းကျ ဆင်းမှုစံချိန်နဲ့ အတူတူ ပါပဲ။ဖေ ဖော်ဝါရီ လတုန်းက ထက် တောင် ပိုများ နေတဲ့ နှင်းကျ ဆင်းမှု တွေကို မေလကြီးမှာ မြင်ဖူး၊ကြုံ ဖူးခဲ့ ကြပါပြီ။နယူးယော့ခ် မိုးလေ၀သဌာနက တော့ နယူးယော့ခ် က တော့ ဖေဖော် ၀ါရီ တုန်းက ထက် မေလမှာ ကျတဲ့ နှင်းက ပိုများတယ်လို့ ကြေညာခဲ့ပါတယ်။နယူးယော့ခ် Central Park မှာ နှင်း တွေ ကျ နေတဲ့ ပုံတွေ ကိုတော့ တွစ်တာ ပေါ်မှာ တင်ထားကြပါတယ်။

READ
၁၃ပေအရှည်ရှိတဲ့ငါးမန်းကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့်သေကံမရောက်သက်မပျောက်ခဲ့သူ

 


မေလမှာ ကျတဲ့ နှင်း၊၂၀၂၀ ကတော့ တက ယ့် အဆန်းကြီးတွေ ကြုံရတဲ့ နှစ်၊နယူးယော့ခ် မှာ မေလပိုင်းကျ တဲ့ နှင်းကို အရင်က တခါမှ မမြင်ခဲ့ဖူးဘူး။ဒါပ ထမဆုံးပဲ…အစရှိတဲ့ Caption ပေါင်းစုံနဲ့ Post တွေ အများကြီး တွစ် တာမှာ ပြည့်နေခဲ့ပါတယ်။နယူးယော့ခ် ကိုတော့ မတ်လ ကုန်ပိုင်း လောက်တည်းက Lockdown ချ ထားခဲ့တာပါ။ ကိုရိုနာ ကူးစက်မှု တွေ အရမ်း များလို့ မြို့တစ်ခု လုံးကိုပါ Lockdown လုပ်ထားတာပါ။မေ(၁၀)ရက်နေ့အထိ ရောဂါ ဖြစ်ပွားသူ ( 177,000 ) သေဆုံးသူ 14, 482 အထိရှိထားပါတယ်။

READ
လေမှုတ်ပင်ကွင်းရုပ်တွေကိုရှားပါးပင်ဂွင်းတွေလို့ဆိုကာ ၀င်ကြေးညာယူတဲ့တိရစ္ဆာန်ရုံ

 

SHARE