အနုတ်ပြနေတဲ့ အအေးဒဏ်တောင် မမှုခဲ့ကြတဲ့ UK မှ နိုက်အောက်ထွက်သူများ

Credit: North News And Pictures

၂၀၁၉ ဇန်နဝါရီလထဲ UK နဲ့ US တို့မှာ သမိုင်းတစ်လျှောက်အအေးဆုံး ရာသီဥတုဒဏ်တွေကို ခံစားနေရပါတယ်။ US မှာတော့ အတ္တလန္တိတ်ထက်တောင် ပိုအေးခဲနေတဲ့ အပူချိန်၊ -56C လောက်ရှိနေပြီး UK မှာတော့ -15C လောက် ဒေသတိုင်းလိုလိုမှာ ပျမ်းမျှရှိနေပြီး နှင်းကျကာ ရေတွေလည်း ခဲနေခဲ့ပါတယ်။

Credit: North News And Pictures
Credit: North News And Pictures

UK မှာ ဆီးနှင်းတွေ ကျကာ အပူချိန်အမှတ်က သုညနားမှာပဲ တဝဲလည်လည်ဖြစ်နေခဲ့လို့ ညဘက်တွေမှာ ဘယ်သူမှအပြင်ထွက်ချင်ကြမှာမဟုတ်ပါဘူး။ အေးခဲလွန်းတဲ့အတွက် သာမန်လူတွေအနေနဲ့ကတော့ အိမ်တွင်းအောင်းနေကြပေမယ့် ညရဲ့ ပျိုမျစ်မှုကို ကြိုက်နှစ်သက်တဲ့လူငယ်တွေအတွက်တော့ အအေးဒဏ်ဟာ သူတို့ရဲ့ပျော်ရွှင်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။

Credit: North News And Pictures

New Castle မှာတော့ နေ့ခင်းဖက်တွေမှာ 10 C လောက်တောင် မရှိဘဲ ညဖက်တွေမှာတော့ အနုတ်ဖက်ကို ရောက်နေကြပါတယ်။ သို့ပေမယ့် လူငယ်တွေကတော့ နွေးထွေးထူထဲတဲ့ အဝတ်အစားတွေကို ဝတ်ထားခြင်းမရှိဘဲ လမ်းမပေါ်မှာရှိနေခဲ့ကြပါတယ်။

READ
တိုက်ဆိုင်လွန်းတဲ့ အဖြစ်မျိုးကို ကြုံနေကြရတဲ့ ဆေးရုံတစ်ခုတည်းက သူနာပြု ၉ ဦး
Credit: North News And Pictures

ကလပ်တက်ဖို့အတွက် ပေါ့ပေါ့ပါးပါးအဝတ်လေးတွေ ဝတ်ပြီး ကလပ်အဝင်အဝမှာ အထဲကို ဝင်ဖို့အတွက် တန်းစီနေကြတာပဲဖြစ်ပါတယ်။

Credit: North News And Pictures

အေးခဲနေတဲ့ ရာသီဥတုမှာ နိုက်အောက်ထွက်မပျက်ကြတဲ့ ယူကေသားတို့ရဲ့ ပုံတွေကို ကြည့်ပြီး လူတွေကတော့ နားမလည်နိုင် ဖြစ်နေကြပါတယ်။ သင်ရော သင်ဝါသနာပါတဲ့ ပျော်စရာတစ်ခုခုကို လုပ်ဖို့ သူတို့လို နှင်းထုထဲ အဝတ်ပါးလေးတွေနဲ့ အံတုနိုင်ကြပါ့မလား..? 😛

Source: Lad Bible

Penny

SHARE