ရေခဲတောင်ပြိုကျချိန်မှာ သေကံမရောက်ခဲ့တဲ့ နှင်းလျှောစီးသမားရဲ့ အသဲယားဖွယ် ဖြစ်ရပ်

[email protected] shreadsauce

နှင်းလျှောစီးတဲ့ အားကစားနည်းတစ်မျိုးဟာ တော်တော်လေးကို စွန့်စားမှုများတဲ့ အားကစားနည်းတစ်ခုပါပဲ။ အထူးသဖြင့် ရေခဲတောင်တွေပေါ်မှာ နှင်းလျှောစီးတာဟာ တော်တော်လေးကို ရင်ခုန်ဖို့ကောင်းသလို အန္တရာယ်လည်း ကြီးမားလွန်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ နှင်းလျှောစီးနေတဲ့အချိန် ကိုယ်စီးနေတဲ့ လမ်းကြောင်းမှာရှိတဲ့ ရေခဲတွေဟာ ရုတ်တရက် ပြိုကျနိုင်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ရေခဲတောင် ပြိုကျလာရင်တော့ အဲဒီနေရာမှာ နှင်းလျှောစီးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ မျက်စိတမှတ်လေးအတွင်းမှာတင် ရေခဲထုကြီးအောက်ကို ရောက်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ကိုတော့ အခုပြောပြချင်တဲ့ နှင်းလျှောစီးသမားတစ်ယောက်ကတော့ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Maurice Kervin (@shreadsauce)

အဆိုပါ နှင်းလျှောစီးသမားကတော့ Maurice Kervin ပဲ ဖြစ်ပါတယ်။ Maurice ဟာ ပြီးခဲ့တဲ့ သောကြာနေ့(၈.၁.၂၀၂၁)တုန်းက အမေရိကန်နိုင်ငံ၊ Summit County ရှိ Loveland Pass အမည်ရ ရေခဲတောင်တန်းတွေပေါ်မှာ နှင်းလျှောစီးခဲ့ပါတယ်။ အစပိုင်းမှာတော့ Maurice ဟာ သူ့ဘာသာသူ နှင်းလျှောစီးနေတာ အကောင်းပါပဲ။ ဒီလိုနဲ့ တောင်ထိပ်တစ်ခုကနေ တောင်အောက်ကို နှင်းလျှောစီးနေတဲ့ အချိန်မှာတင် မမျှော်လင့်ထားတာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ Maurice တစ်ယောက် နှင်းလျှောစီးနေတဲ့ ရေခဲတောင်ဟာ ပြိုကျလာတာပါပဲ။ ဒါပေမယ့် Maurice ဟာ အတွေ့အကြုံရှိသူပီပီ ရေခဲပြိုကျနေတဲ့ လမ်းကြောင်းထဲမှာ မပါသွားအောင် သတိရှိရှိနေနိုင်ခဲ့ပါတယ်။

READ
(၂၀၁၉) ခုနှစ်အတွင်း အင်တာနက်မှာ ရေးပန်းအစားခဲ့ဆုံး အကြောင်းအရာများ - (၂)

“ကျွန်တော်နှင်းလျှောစီးပြီး ရေခဲတောင်အလယ်လောက်အရောက်မှာ ရေခဲပြင်ရဲ့ နှင်းထုထဲမှာ အက်ကြောင်းတွေကို ရုတ်တရက် သတိထားခဲ့မိပါတယ်။ ဒါ့ကြောင့် ကျွန်တော်နှင်းလျှောစီးနေတဲ့ အရှိန်ကို နှေးလိုက်ပါတယ်။ သိပ်မကြာပါဘူး။ အရှေ့က ရေခဲပြင်တွေကွာကျပြီး ရေခဲတောင် ပြိုကျတော့တာပါပဲ။ ကျွန်တော့အနောက်မှာလည်း ရေခဲတွေတောက်လျှောက်ပြိုကျလာတာပါပဲ။ ရုတ်တရက် သတိမထားမိခဲ့ရင် ကျွန်တော်နှင်းလျှောစီးနေတဲ့အရှိန်နဲ့ ရေခဲတောင်ပြိုကျတဲ့ အရှိန်နဲ့ ပေါင်းပြီး ကျွန်တော်အောက်ကို အရှိန်နဲ့ ကျပြီး နောက်ဆုံးမှာ ကျွန်တော့်တစ်ကိုယ်လုံးကို ရေခဲထုကြီးက ဖုံးလွှမ်းသွားမှာ အမှန်ပါပဲ။ တော်တော်တော့ ထိတ်လန့်ဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါပဲ။ ကံကောင်းလွန်းလို့ ဘာဒဏ်ရာမှ မရခဲ့တာပါ”လို့ Maurice က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Maurice Kervin (@shreadsauce)

Pyi Hein Kyaw

SHARE