
မိဘတစ်ယောက်ရဲ့ နွေးထွေးမှုမေတ္တာတွေကို မိဘတွေနဲ့ အတူတူရှိနေတဲ့ အချိန်မျိုးတွေမှာ သားသမီးတွေက သိပ်မခံစားတတ်ပါဘူး။ သူတို့ မိဘတွေ မရှိတော့တဲ့အချိန်မျိုး ဒါမှမဟုတ် မိဘမရှိပဲ ကြီးပြင်းလာရတဲ့ သားသမီးမျိုးတွေသာ မိဘတစ်ယောက်ရဲ့ နွေးထွေမှုတွေ၊ မေတ္တာတွေကို လိုချင်ကြတာပါ။ အခုပြောပြချင်တာကတော့ ၁၀ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ဖခင်တစ်ယောက်ကို သားဖြစ်သူက အချိန်တော်တော်ကြာအောင် လိုက်ရှာရင်း နောက်ဆုံးမှာ အမှတ်မထင် ရှာတွေ့သွားခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။

အပေါ်ကပုံမှာ တွေ့ရတဲ့ အမျိုးသားကတော့ England နိုင်ငံ၊ Tuebrook မြို့မှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် Jason Kelly အမည်ရ အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖခင်ကတော့ အသက် ၆၇ နှစ်အရွယ် David Kelly အမည်ရ အမျိုးသားကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Jason နဲ့ ဖခင်ဖြစ်သူ David တို့ဟာ ၁၀ နှစ်ကျော်တိုင်အောင် ဝေးကွာနေတာဖြစ်ပါတယ်။ Jason အသက် ၈ နှစ်အရွယ်ကတည်းက David ဟာ အိမ်နဲ့ပြသနာတက်ပြီး မိသားစုကို စိတ်နာကာ အိမ်ပေါ်က ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ David တစ်ယောက် ဒီလိုမျိုး အိမ်ပေါ်က ဆင်းသွားပေမယ့် သားဖြစ်သူ Jason ကို မကြာခဏ လာကြည့်ပါသေးတယ်။

ဒီလိုနဲ့ Jason တစ်ယောက် အသက် ၁၂ နှစ်အရွယ်ရောက်မှာတော့ David ကို နောက်ဆုံးတစ်ခေါက်သာ တွေ့ခဲ့ရပြီး အဲဒီအချိန်ကတည်းက Jason ဟာ သူ့ရဲ့ဖခင်ဖြစ်သူကို လုံးဝ မတွေ့ခဲ့ရပါဘူး။ Jason ဟ သူ့ရဲ့ အဖိုးဖြစ်သူအား David ကို လိုက်ရှာပေးဖို့ပြောခဲ့ပေမယ့် Jason ရဲ့ အဖိုးဟာ David ကို လုံးဝလိုက်မရှာခဲ့သလို လုံးဝလည်း မတွေ့ချင်ခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၉ ခုနှစ်လောက်မှာ Jason ရဲ့ အဖိုးဖြစ်သူ ဆုံးပါးသွားတဲ့ အချိန်မှာတော့ Jason ဟာ သူ့ရဲ့ ဖင်ကို နေရာအနှံ့ လိုက်ရှာခဲ့ပါတယ်။ ဒါပေမယ့် David ဟာ အိမ်ပိုင်ရာပိုင် မရှိပဲ လမ်းပေါ်မှာပဲ ဖြစ်သလိုနေ ဖြစ်သလိုစားအဖြစ် ရှင်သန်နေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်နေတာကြောင့် Jason တစ်ယောက် အလွယ်တကူ သူ့ရဲ့ဖခင်ကို ရှာမတွေ့ခဲ့ပါဘူး။

“အဖေ့ကို လိုက်ရှာရတာ တော်တော်လေးကို ပင်ပန်းခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ကျွန်တော့် ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ပုံကိုတွေ့တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဟာ ကျွန်တော့်အဖေကို အိမ်တစ်အိမ်မှာ တွေ့လိုက်ရတယ်လို့ သတင်းကြားတော့ ကျွန်တော်ချက်ချင်းလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအိမ်မှာ အဖေရှိမနေပါဘူး။ ဒီလိုနဲ့ အဲဒီအိမ်က လှည့်အထွက်မှာ အဖေက အဲဒီအိမ်ကို ဝင်လာတဲ့ အချိန်နဲ့ ကွက်တိသွားဆုံတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်း အဖေလို့ အ်ေပြီး ပြေးဖက်တာ။ အဖေက ရုတ်တရက်ကြောင်သွားပြီး ထွက်ပြေးတာ။
အဲဒီမှာ ကျွန်တော်အနောက်ကနေ တကောက်ကောက်လိုက်ပြီး ကျွန်တော်အဖ့သား Jason ပါလို့ တောက်လျှောက်အော်နေတော့မှ အဖေက ကျွန်တော့်ကို မှတ်မိပြီး ပြေးနေတာကနေ ရပ်သွားတာပါ။ ဒီလိုမျိုး အဖေနဲ့ မမျှော်လင့်ပဲ ပြန်ဆုံတွေ့ခွင့်ရလို့ တော်တော်လေးကို ပျော်မိပါတယ်။ အဖေလည်း ကျွန်တော့်ကို ပြန်တွေ့ရလို့ တော်တော်လေးကို ပျော်နေပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ အိမ်မှာပဲ သားအဖနှစ်ယောက် အတူတူနေထိုင်နေကြပါတယ်”လို့ Jason က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw