ကမ္ဘာကျော်ခဲ့ကြတဲ့ ဂျပန်ရှိုဝါခေတ်ရဲ့ သမိုင်းဝင်ခေါက်ဆွဲပို့သမားများအကြောင်း

@yudetaro_iwaki/Twitter

အစားအသောက်တွေကို အိမ်တိုင်ရာရောက်ပို့ပေးကြတဲ့ door to door delivery စနစ်ဟာ ကျွန်တော်တို့ ဒီခေတ်မှပေါ်ပေါက်လာခဲ့ကြတာမဟုတ်ပါဘူး။ ဂျပန်မှာတော့ ရှိုဝါခေတ်ကတည်းက soba delivery ဆိုတဲ့ အလုပ်လေးတစ်ခုရှိခဲ့ပါတယ်။

Soba delivery ဆိုတာ ရှင်းရှင်းပြောရရင်တော့ ဆိုင်ကခေါက်ဆွဲကို အိမ်တိုင်ရာရောက်လိုက်ပို့တာပေါ့။ ရှိုဝါခေတ်ဟာ ၁၉၂၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်းလောက်မှာဖြစ်တဲ့အတွက် အဲဒီအချိန်တုန်းက အခုလိုမျိုး ဆိုင်ကယ်တွေလည်း မထွန်းကားသေးတော့ soba delivery သမားတွေဟာ စက်ဘီးလးတွေကိုယ်စီနဲ့ နေ့တိုင်းလိုလိုခေါက်ဆွဲထွက်ပို့ပို့လေ့ရှိကြပါတယ်။

@yudetaro_iwaki/Twitter

အရင်ခေတ်တနုးက ခေါက်ဆွဲကို အိမ်တိုင်ရာရောက်ပို့တာဟာ မထူးဆန်းလှပေမယ့် အခုဖော်ပြပေးချင်တာကတော့ သူတို့ခေါက်ဆွဲပို့တဲ့ ပုံစံလေးပါ။ ခေါက်ဆွဲကို ဒီနေ့ခေတ်လိုမျိုး စက်ဘီအနောက်မှာ ပုံးတင်ပြီးပို့တာမျိုးမဟုတ်ပါဘူး။ ဟင်းပွဲများရင်များသလိုပဲ ပုခုံးပေါ်မှာထမ်းတင်၊ လက်တစ်ဖက်က အဲဒီဟင်းပွဲတင်ထားတဲ့ အပြားကိုထိန်းရင်း နောက်လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုထိန်းစီးကြတာပဲဖြစ်ပါတယ်။

@oShow92565091
@oShow92565091
@oShow92565091

ပုံတွေကြည့်ရုံနဲ့တင် ဟင်းပွဲတွေ မှောက်ကျမှာ အသည်းတယားယားဖြစ်မိပေမယ့်လို့ တော်တော်လး ကျွမ်းကျင်ပုံပေါက်နေတဲ့အတွက်လည်း အံ့သြချီးကျူးမိပါတယ်။ အဲဒီလိုစက်ဘီးခေတ်ကနေမှ ဆိုင်ကယ်ခေတ်ရောက်လာတော့လည်း ယာဉ်သာပြောင်းသွားတယ်၊ သယ်ပုံသယ်နည်းကတောာ့ အတူတူဖြစ်နေပါသေးတယ်။

READ
ဘရူနိုင်းနိုင်ငံမှာ ပြင်းထန်စွာအပြစ်ပေးခံရမယ့် ရာဇဝတ်မှုများ
@Taipei_Saburo
@im9d
@virtualkj1

အခုခေတ်မှာလည်း ဒီလိုမျိုးသမိုင်းတွင်ခဲ့တဲ့ ရိုးရာခေါက်ဆွဲပို့နည်းအတိုင်း ဟင်းပွဲတွေ ပို့နေတဲ့ ဆိုင်တွေရှိနေဆဲဖြစ်ပြီး ဗီဒီယိုဂိမ်းတွေအထိပါ ရှိနေခဲ့ပါတယ်။

@hase47
@vegamomo92

Penny

SHARE