Stella & Chewy အမည်ရတဲ့ အိမ်မွေးတိရစ္ဆာန်အစားအသောက်ကုမ္ပဏီဟာ အသက်ကြီးနေပြီဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် မွေးစားမယ့်မိဘရှာဖွေခြင်းအစီအစဉ်ကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ်အတွက် ဒီအစီအစဉ်မှာတော့ ကမ္ဘာ့ချန်ပီယံဘောလုံးကစားသမား Alex Morgan ကို ကုမ္ပဏီက သံတမန်အနေနဲ့ ခန့်အပ်ပြီး အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
အစီအစဉ်မှာတော့ Morgan ဟာ Stella & Chewy နဲ့ လက်တွဲကာ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ တိရစ္ဆာန်ဂေဟာတွေဆီက အရွယ်ကျနေပြီဖြစ်တဲ့တိရစ္ဆာန်လေးတွေရဲ့ မွေးစားစရိတ်ကိုပြောပြခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ နိုဝင်ဘာလတစ်လလုံး ရှိနေမှာဖြစ်ပါတယ်။ တိရစ္ဆာန်ဂေဟာမှာရောက်နေတဲ့ အသက်ကြီးရင့်နေပြီဖြစ်တဲ့ တိရစ္ဆာန်လေးတွေဟာ သနားဖို့အရမ်းကောင်းပါတယ်။ ဂေဟာမှာနေထိုင်တဲ့သက်တမ်းလည်း ကြာပြီဖြစ်တဲ့အတွက်ကြောင့် သူတို့စိတ်ထဲမှာတော့ သူတို့ကိုအရေးတယူဂရုစိုက်ပြီး ချစ်ပေးမယ့် သခင်တွေကိုမျှော်လင့်နေကြမှာ ဖြစ်ပါတယ်။
View this post on Instagram
“တိရစ္ဆာန်မွေးစားတာဟာ ကျွန်မအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျွန်မရဲ့ခွေးနှစ်ကောင်ဖြစ်တဲ့ Kona နဲ့ Blue ဆိုရင်လည်း တိရစ္ဆာန်ဂေဟာကနေပဲ ခေါ်မွေးခဲ့တာပါ။ သူတို့နှစ်ကောင်မရှိဘဲ ကျွန်မဘဝကိုမတွေးရဲဘူး။” လို့ Morgan က သူ့ခွေးတွေအပေါ်မှာထားတဲ့ သဘောထားကိုပြောပြပါသေးတယ်။
ဒါ့ပြင် Morgan က “Stella & Chewy နဲ့အတူ ကျွန်မကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေကို လူတွေများများ မွေးစားဖို့မျှော်လင့်ပါတယ်။ မေတ္တာငတ်နေတဲ့ ခွေးလေးတွေ ကြောင်လေးတွေ အများကြီးပါပဲ။ သူတို့လည်း အချစ်ခံရဖို့ထိုက်တန်ကြပါတယ်။ ကျွန်မကိုယုံပါ။ ဂေဟာကတိရစ္ဆာန်လေးတစ်ကောင်ကို အခွင့်အရေးပေးလိုက်လို့ သင်နောင်တမရစေရပါဘူး။” လို့လည်း ဆိုခဲ့ပါတယ်။
View this post on Instagram
တိရစ္ဆာန်လေးတွေကို မွေးချင်တယ်ဆိုရင်တော့ ဒီနိုဝင်ဘာလထဲမှာပဲ stellaandchewys.com/ journeyhome ထဲဝင်ရောက်ပြီး အသက်၇နှစ် သို့မဟုတ် ၇နှစ်အထက်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးကို မွေးမြူဖို့ဖောင်တင်ရမှာဖြစ်ပါတယ်။ အထူးလက်ဆောင်အနေနဲ့ တိရစ္ဆာန်မွေးစားမယ့်ပိုင်ရှင်တွေကို မွေးစားကြေးအခကြေးငွေ ပြန်အမ်းမယ့်အပြင် Stella & Chewy ကုမ္ပဏီရဲ့ တိရစ္ဆာန်အစားအသောက်တွေကိုဝယ်ယူနိုင်မယ့် ဒေါ်လာ ၄၀တန် ဘောင်ချာရရှိဦးမှာဖြစ်တယ်လို့လည်း People သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom