Social Distancing သုံးပြီး လေပူဖောင်းတွေထဲ ပျော်ခဲ့ကြတဲ့ ဂီတဖျော်ဖြေပွဲ

instagram/waynecoyne5

မမျှော်လင့်ဘဲ ကမ္ဘာ့ကပ်ရောဂါကြီးဟာ ပွဲလမ်းသဘင်အားလုံးကိုအဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပွဲစီစဉ်သူတွေနဲ့ အချို့လူတွေကတော့ ပွဲလည်းကျင်းပလို့ရ၊ social distancing လည်းဖြစ်စေမယ့် နည်းလမ်းတွေကိုရှာဖွေလာကြပါတယ်။ ဥပမာပြောရရင် boredpanda ကနေတဆင့် အခုဖော်ပြပေးမယ့် အမေရိကန်တေးဂီတအဖွဲ့ The Flaming Lips လိုမျိုးပါ။

instagram/waynecoyne5

The Flaming Lips ဟာ မကြာသေးခင်က ဂီတဖျော်ဖြေပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ ရှိုးပွဲရဲ့အပြင်အဆင်ကတော့ ထူးခြားပါတယ်။ ဖျော်ဖြေသူတွေရော ပရိသတ်တွေပါ သီးခြားလေပူဖောင်းတစ်လုံးစီထဲမှာနေရတာပါ။ ဒီပွဲဟာ Live show အတွက် ဖြစ်သလို MV အတွက်လည်းဖြစ်ပါတယ်။ ဖျော်ဖြေပွဲကိုတော့ အိုကလာဟိုးမားမြို့မှာကျင်းပခဲ့တာပါ။

instagram/waynecoyne5

အခုလို ဖျော်ဖြေပွဲအပြင်အဆင်ကိုတော့ The Flaming Lips ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wayne Coyne က စိတ်ကူးရခဲ့တာပါ။ “ကျွန်တော် ပုံနည်းနည်းခြစ်ထားခဲ့တယ်။ ၂၀၁၉ခုနှစ်တုန်းက ကျွန်တော်တို့ရှိုးပွဲလုပ်နေတုန်း ကျွန်တော်ပုံခြစ်ထားတာ။ ရှိုးပွဲမှာ ကျွန်တော်တစ်ယောက်တည်း လေပူဖောင်းတွေထဲမှာပဲ နေမယ်။ ကျန်တဲ့သူတွေကတော့ ဒီိတိုင်းပဲပေါ့။ ကျွန်တော် ၂၀၂၀ အတွက်လည်း ကြိုစဉ်းစားပြီး ပုံဆွဲခဲ့သေးတယ်။ ၂၀၂၀ရောက်ရင်တော့ ကျွန်တော်လည်း လေပူဖောင်းထဲနေမယ်။ အားလုံးလည်း လေပူဖောင်းထဲမှာနေမယ်။ အဲ့လိုအပြင်အဆင်မျိုး ရှိုးပွဲလုပ်မယ်ဆိုပြီးတော့ စိတ်ကူးထားခဲ့တာ။” လို့ Wayne က ပြောပြပါတယ်။

READ
လေဆင်နှာမောင်းကို နောက်ခံထားပြီး ချစ်သူကို ပရိုပို့စ်လုပ်တဲ့အမျိုးသား
instagram/waynecoyne5

The Flaming Lips အတွက်တော့ ဒီလိုမျိုးဖျော်ဖြေတာက အသစ်အဆန်းမဟုတ်တော့ပါဘူး။ သူတို့ဟာ ၂၀၀၄ ခုနှစ်တည်းက သူတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုထဲ လေပူဖောင်းတွေကိုသုံးခဲ့ဖူးပါတယ်။ အခု ရှိုးပွဲမှာတော့ The Flaming Lips ဟာ လေပူဖောင်းအခု၁၀၀ကို အရင်မှာယူပါတယ်။ ပြီးတော့ ပွဲမှာပါဝင်ချင်တဲ့ ပရိသတ်တွေကိုရှာပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပရိသတ်စုစုပေါင်းဟာ ဒီရှိုးပွဲမှာတော့ အယောက်၁၀၀ပဲရှိပါတယ်။

instagram/waynecoyne5

 

 

View this post on Instagram

 

Yessss!!! Last night at @criterionokc !!! Thank you ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

A post shared by Wayne Coyne (@waynecoyne5) on

လေပူဖောင်းတွေထဲမှာတော့ လူတွေဟာ သက်တောင့်သက်သာနဲ့ နာရီအနည်းငယ်ကြာ နေနိုင်တယ်ဆိုပါတယ်။ အထဲမှာ လေတွေအများကြီးထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။ The Flaming Lips ရှိုးပွဲရဲ့ရလဒ်ကတော့ အောင်မြင်ခဲ့ပြီး အနာဂတ်မှာလည်း အလားတူအခွင့်အရေးမျိုးလုပ်နိုင်ဖို့ သူတို့က မျှော်လင့်နေတယ်ဆိုပါတယ်။

READ
မထင်မှတ်ထားတဲ့ surprise နဲ့ ကောင်မလေးကို အံ့သြသွားအောင် လုပ်ခဲ့တဲ့ ချစ်သူကောင်လေး

ShweMom

SHARE