ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်စားနေတဲ့ Social Distancing အက

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါဟာ လူသားအားလုံကို ဒုက္ခပေးနေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုဆိုလဲ မမှားပါဘူး။ အခုအချိန်မှာတော့ စဖြစ်ခါစအချိန်ကထက် ရောဂါ ကူးစက်မှုနှုန်းတွေ ကျသွားပြီဖြစ်ပေမယ့် ပေါဆလို့ရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ လူတိုင်း အပြင်ထွက်ရင် Mask တပ်၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အကွာမှာ နေရမယ်ဆိုတဲ့ Social Distancing အသိပညာကတော့ လူတိုင်းဆီမှာ ရှိသင့်ပါတယ်။

Pixabay-TheDigitalArtist

အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ Social Distancing အကပဲ ဖြစ်ပါတယ်။ အဆိုပါ Social Distancing အကဟာ လမ်းလျှောက်နေတုန်းကရတဲ့  Salsa အကပုံစံမျိုးဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ လူကတော့  Bianca Padro Ocasio လို့ အမည်ရတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း အတွဲတစ်တွဲဟာ တစ်ယောက်လက်ကို တစ်ယောက် ချည်ကာ ကိုင်ထားပြီး လမ်းလျှောက်ရင် Salsa အကကို ကနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးဟာ Mask တပ်ထားပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း ခပ်ခွခွာနေနေတာကြောင့် လူတော်တော်များများက အဆိုပါအကကို Social Distancing အကလို့ သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ဓာတ်ပုံနှစ်ပုံတို့၏ ထူးခြားအံ့သြဖွယ်ကောင်းသော နှိုင်းယှဉ်မှုကြီးများ
[email protected]

အဆိုပါ ဗီဒီယိုဟာ ကြည့်ရှု့သူ ၂ သန်းနီးပါးရှိပြီး share လုပ်သူ 322k အထိ ရှိခဲ့ပါတယ်။ လူတော်တော်များများကလည်း အဆိုပါအတွဲဟာ အင်မတန်တော်ပြီး တီထွင်ဥာဏ်ရှိကြောင်း၊ သူတို့လဲ ကကတ်ချင်ကြောင်း အစရှိသဖြင့် comment တွေလည်း ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE