ဇာတ်ကားအသစ်အတွက် ဆံပင်ပုံစံအသစ်လေးပြောင်းထားပြီး ချစ်စရာကောင်းနေတဲ့ မကြီးစိုး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

စိုးမြတ်သူဇာကတော့ မကြာခင်မှာလည်း ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်မှုတွေကို စတင်ပြီးတော့ ပြုလုပ်နေပြီဖြစ်ပါတယ်။ စိုးမြတ်သူဇာကတော့ သူမရဲ့  နောက်ရိုက်မဲ့ ရုပ်ရှင်ဇာတ်ကားအတွက် ဆံပင်ပုံစံတောင် ပြောင်းပြီးသွားပြီဖြစ်ပါတယ်။

မကြီးစိုးကတော့ ဆံပင်အတိုလေးနဲ့ ကောင်မလေး ငယ်ငယ်လေးတစ်ယောက်လို အရမ်းကို ချစ်စရာကောင်းလွန်းနေပါတယ်။ မကြီးစိုးရဲ့ ဓါတ်ပုံတွေကိုတော့ သူမရဲ့ မိခင်က ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

Source: Soe Kyi phyu

SHARE