ခရီးတွေ အတူတူထွက်နေကြတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့စုံတွဲ

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီစုံတွဲတွေထဲမှာတော့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့အတွဲကလည်း တစ် တွဲအပါအ၀င်ပါ။နှစ်ယောက်လုံးက အိမ်ထောင်ကိုယ်စီရှိခဲ့ဖူးသူတွေဖြစ်ပြီး ဒုတိယအရွယ်မှာ ပေါ်တဲ့ အချစ်လို့ ပြောလို့ရပါတယ်။

တရားဓမ္မတွေကိုလည်း အတူလေ့လာလိုက်စားကြတဲ့ စိတ်တူ ကိုယ်တူ စုံတွဲပါ။တွဲခါစ အချိန် တုန်းက တော့ တစ်ချို့တွေက ပြောဆိုကြတာတွေရှိခဲ့ပါတယ်။ခရီးတွေလည်း အတူထွက်၊တရား ဓမ္မကိုလည်း အတူလိုက်စားနေတဲ့ သူတို့စုံတွဲရဲ့ ပုံလေးတွေကတော့ မြင်ရ သူတိုင်းကို ကြည်နူး စေပါတယ်။

စိုးမြတ်နန္ဒာက သူမရဲ့ fb ပေါ်မှာ စိုးသူနဲ့အတူ ခရီးသွားခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို တင်ထားပါတယ်။နောက်ရက်မှာလည်း ခရီးထပ်ထွက်ဖို့ အစီအစဉ်ရှိတဲ့ အကြောင်းကို ခုလို ရေးထားပါတယ်။

“ပုံတွေက Album တခုထဲ ရောက်ရဲ့လားတော့မသိဘူး ..
ရိုက်ခဲ့သမျှတော့ တင်ထားပါတယ်ရှင့် ..
သည်းခံကြည့်တော်မူပါ
သဘက်ခါ ခရီးထပ်ထွက်ပါမယ်…
ဒီတစ်ခါတော့ အိမ်က မျောက်လေး နှစ်ကောင် နဲ့ ပါ…
အကူမပါ အထိန်းမပါ ပဲ အရဲစွန့် သွားမှာပါ.
ပါလာတဲ့ သူငယ်ချင်းတွေထိန်းပေးမယ်လို့တော့ မျှော်လင့်ပါတယ်လေ 😬😬😬
ပုဂံ , ကလော , အောင်ပန်း , ပင်းဒယ , တောင်ကြီး ,အင်းလေး လည်ကြပါမယ် 😊😊 ” ဆိုပြီး တင်ထားတာပါ။

ပုံလေးတွေကိုတော့ ” US ကဧည့်သည်လာလို့ ကိုယ့်တိုင်းပြည်မှာလဲ ပျော်စရာတွေအပြည့်ပါ ဆိုတာကို လိုက်ပြတာပါ ရှင့် ” ဆိုတဲ့ စာနဲ့ အတူ တင်ထားတာပါ။

READ
သီချင်းဆိုလို့ရတဲ့ ငွေလေးနဲ့ မိခင်အတွက် မြေကွက်ဝယ်ပေးလိုက်တဲ့ ရဲနောင်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE