နယူးယောက်ဖက်ရှင် Week ပွဲကို လှုပ်ခတ်စေခဲ့တဲ့ ဒေါင်း မော်ဒယ် Sofía Jirau

Instagram/SofiaJirau

ဒေါင်းရောဂါသည် တစ်ဦးဖြစ်တဲ့ Sofía Jirau ဟာ မော်ဒယ်ဖြစ်ချင်တဲ့ ငယ်ငယ်ကတည်းကအိပ်မက်ကို  နယူးယောက်ဖက်ရှင် Week(NYFW) ပွဲရဲ့ လျှောက်လမ်းထက်မှာ ဖက်ရှင်မော်ဒယ်အဖြစ်ပါဝင်ရင်း အိမ်မက်ကို ယုံကြည်ချက်ရှိရှိနဲ့ အကောင်ထည်ဖော်နိုင်ခဲ့ပါပြီ။ အသက်(၂၂)နှစ်အရွယ် Jirau ဟာ ဟိုးအရင်ကတည်းက modeling အလုပ်ကို အလွန်ဝါသနာပါသူပါ။ အဲ့ဒီနယ်ပယ်ဟာ သူမစိတ်ကူးကို အချိန်ကြာ လွှမ်းမိုးလာခဲ့တာလည်းဖြစ်ပါတယ်။

(NYFW)ပွဲ စင်မြင့်ထက်မှာ ဟန်ပန်အပြည့်နဲ့လျှောက်လှမ်းနေတဲ့ သူမရဲ့ talent ကို မြင်သူတိုင်းအံ့သြသင့်ခဲ့ရပါတယ်။

 

ဒါကိုကြည့်ပြီး ဒေါင်းရောဂါသည်ဟာ သူများနည်းတူမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အမြင်တွေဟာ မှားယွင်းကြောင်း Jirau က ပြသနိုင်ခဲ့တာပါ။ ကမ္ဘာကြီးဟာ ကိုယ်ဖြစ်ချင်တဲ့အိမ်မက်တွေအတွက် ဘယ်သူကတော့ ရနိုင်တယ် ဘယ်သူကတော့မရနိုင်ဘူးဆိုပြီး ကန့်သတ်ထားတာမရှိဘူး၊ အရှုံးမပေးသရွေ့မကျဆုံးဘူးဆိုတာကို သက်သေပြခဲ့တာလို့ Jirau က ပြောပါတယ်။

Jirau က ကျွန်မငယ်ငယ်က မှန်ကိုကြည့်ပြီးအမြဲပြောတဲ့စကားရှိတယ်။ ငါတစ်ချိန် မော်ဒယ်တစ်ယောက်နဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရမယ်လို့။ ကဲ..အခုအသက်(၂၂)နှစ်မှာ အဲ့ဒီအိပ်မက်နှစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ လို့ PEOPLE မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

READ
နို့ချိုမတိုက်ကျွေးနိုင်တဲ့ ဇနီးသည်ကိုယ်စား မွေးကင်းစ ရင်သွေးလေးကို နို့တိုက်ကျွေးခဲ့တဲ့ ဖခင်

 

 

View this post on Instagram

 

¡Quiero posar en todas las esquinas de esta ciudad! 🍎 #Alavett #nyfw #NY #newyorkcity #downsyndrome #fashion #modelo #dream

A post shared by Sofía Jirau • (@sofiajirau) on

Jirau ဟာ အင်စတာဂရမ်မှာ follower  44.6k ကျော်ပိုင်ဆိုင်ထားပြီး၊ သူမ မော်ဒယ်ရှိုးလျှောက်တာတွေ၊ ဓာတ်ပုံရိုက်တာတွေ စတဲ့ အနုပညာလှုပ်ရှားမှုတွေကို သူမအကောင့်မှာ ဝေမျှလေ့ရှိပါတယ်။

Jirau ဟာ ပြီးခဲ့တဲ့တစ်ပတ်က NYFW ပွဲက ဒီဇိုင်နာ Marisa Santiagoရဲ့ ပြပွဲမှာ ပွဲဦးထွက်ပါဝင်ခဲ့ပြီး သူမရဲ့ မယုံနိုင်စရာပြသခဲ့တဲ့ modeling skillတွေဟာ ဖက်ရှင်လောကကို ရိုက်ခတ်သွားစေခဲ့ပါတယ်။ ဗီဒီိယို ကြည့်မယ်ဆိုရင်တော့ သူမရဲ့ ယုံကြည်ချက်ရှိမှုဟာ သာမန်လူတစ်ယောက်ထက်တောင် သာလွန်နေတာပါ။ NYFW ရဲ့ runway မော်ဒယ်လေး Jirau ကို အပြည့်အ၀အားပေးတဲ့ သူမမိသားစုကလည်း Puerto Rico ကနေ နယူးယောက်အထိ လိုက်ပါဝန်းရံခဲ့ကြပါတယ်။

Jirau ဟာ modeling career life ကို စလုပ်ချိန်ကစပြီး ၊ သူမရဲ့အချိန်နဲ့စွမ်းအားတွေကို အစွမ်းကုန်သုံးပြီးအာရုံစိုက် လုပ်ခဲ့တာပါ။ modeling နဲ့ပတ်သက်ပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့လည်း အစွမ်းကုန်ကြိုးစားခဲ့လို့ အခုဆို Alavett ဆိုတဲ့ သူမရဲ့ကိုယ်ပိုင်အ၀တ်အစားဘရန်းကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ သူမရဲ့လုပ်ဖော်ကိုင်ဖက် Armando Lorenzoက ပြောပါတယ်။

READ
လူမည်းဆန့်ကျင်ရေး ဂိုဏ်းသားတွေနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားခဲ့တဲ့ လူမည်းအမျိုးသား

Jirau မှာ အတုယူအားကျရတဲ့သူများစွာရှိပါတယ်။ အဲဒီထဲမှာမှ Jennifer Lopez ကတော့ သူမအားအကျဆုံး idol ပါ။ Jennifer Lopezနဲ့ ပတ်သက်တာမှန်သမျှ သီချင်း၊ ၀တ်ပုံစားပုံတွေ၊ သူမရဲ့ဓာတ်ပုံတွေအားလုံးကို ချစ်မြတ်နိုးပြီး တစ်နေ့သူမနဲ့တွေ့ဆုံဖို့ မျှော်လင့်မိတယ်လို့ Jirau က ဆိုထားပါတယ်။

Khaing Sandar

SHARE