ဓာတ်ပုံတစ်ပုံကြောင့် တင်းနစ်လောကကို ကျောခိုင်းခဲ့ရတဲ့ ဆယ်ကျော်သက် မော်ဒယ်မလေး

[email protected] sofya_zhuk

လောကမှာ အသက်ရှင်နေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကြောင့် တစ်ခြားလူတစ်ယောက် ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ မထိခိုက်ဖူးဆိုရင် ကိုယ်ကြိုက်ရာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ လူရယ်လို့ဖြစ်လာရင် ကိုယ့်အကြိုက်နဲ့ သူ့အကြိုက် မတူညီကြတာကတော့ ထုံးစံပါပဲ။ ကိုယ်မကြိုက်တဲ့ အရာတစ်ခုကို တစ်ခြားလူက ကြိုက်နေရင်တောင် ကိုယ်မှာ အဲဒီလူကို ဘာမှဝေဖန်ပိုင်းခြားခွင့် မရှိပါဘူး။ အခုပြောပြချင်တဲ့ ကောင်မလေးကတော့ တစ်ချိန်က အငယ်တန်းတင်းနစ်လောကမှာ တော်တော်လေး အောင်မြင်မှု ရရှိခဲ့ပြီး သူမရဲ့ IG မှာ တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် တင်းနစ်လောကကို ကျောခိုင်းထွက်ခွာခဲ့ရာ လက်ရှိမှာတော့ မော်ဒယ်လောကမှာ အောက်မြင်ကျော်ကြားနေတဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်ကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] sofya_zhuk

 

 

View this post on Instagram

 

Thinking if I’ll eat pizza or pasta for dinner ‍♀️

A post shared by Sofya Zhuk (@sofya_zhuk) on

အဆိုပါ ကောင်မလေးကတော့ အသက် ၂၀ အရွယ် ရုရှားမော်ဒယ်လေး Sofya Zhuk ပဲ ဖြစ်ပါတယ်။ Sofya ဟာ တစ်ချိန်က အသက်ငယ်ငယ်လေးနဲ့ အငယ်တန်းတင်းနစ်လောကမှာ နာမည်ကြီးခဲ့တဲ့ တင်းနစ်ချန်ပီဟောင်းတစ်ယောက်ပါပဲ။ ဒါပေမယ့် အပေါ်မှာတွေ့ရတဲ့ ပုံတစ်ပုံကြောင့် တင်းနစ်လောကကနေ ထွက်ခွာဖို့ ဖိအားပေးခံခဲ့ရသလို ပရိသတ်တော်တော်များများရဲ့ ဝေဖန်မှုကိုပါ ခံခဲ့ရဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဖိအားတွေကြောင့် Sofya ဟာ တင်းနစ်လောကကနေ နှုတ်ထွက်ခဲ့ပြီး မော်ဒယ်လောကထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ပါတယ်။ ဒီလိုဝင်ရောက်လာပြီး အခုအချိန်မှာလည်း Sofya ဟာ မော်ဒယ်လောကမှာ လှပပြေပြစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတဲ့ နာမည်ကျော်မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေခဲ့ပြီပဲ ဖြစ်ပါတယ်။

READ
ကြင်နာတတ်တဲ့တိုးရစ်တွေကြောင့် အိန္ဒိယကနေ ဆွစ်ဇာလန်သွားရတော့မယ့် ခွေးလေး

 

 

View this post on Instagram

 

Halloween 20‍♀️

A post shared by Sofya Zhuk (@sofya_zhuk) on

“ ကျွန်မ IG မှာ ကျွန်မပုံ ကျွန်မတင်တယ်။ အဲဒါဘာဖြစ်လဲ။ ကျွန်မအကောင့်မှာ ကျွန်မစိတ်ကြိုက်ပုံ တင်ပိုင်ခွင့် မရှိဘူးလား။ ကျွန်မကို လာပြီး ဝေဖန်နေရအောင် သူတို့ကဘယ်လို လူမျိုးတွေလဲ ကျွန်မအဲဒီအချိန်တုန်းက လုံးဝ မစဉ်းစားနိုင်ခဲ့ပါဘူး။ လူတွေက တော်တော်ခက်ပါတယ်။ အစမှာတော့ ကျွန်မ တော်တော်လေး ဒေါသထွက်မိတယ်။ အဲဒီနောက်ပိုင်း စိတ်ပျက်လွန်းလို့ တင်းနစ်လောကကို အပြီးထွက်ခွာခဲ့တာပါ။ အခု ကျွန်မဘဝက ပိုပြီးသာယာသလို ပိုပြီးလည်း အောင်မြင်ပါတယ်။ တင်းနစ်မရိုက်ရလို့လည်း ကျွန်မဘာမှ မဖြစ်သွားပါဘူး”လို့ Sofya က ပြောကြားခဲ့ပါတယ်။

READ
အဝတ်ဗလာနဲ့သန့်ရှင်းရေးလုပ်ပေးရင် တစ်နာရီ 45 ပေါင်ပေးမယ်ဆိုတဲ့Company

 

 

View this post on Instagram

 

Night ride ❤️ #Bentley

A post shared by Sofya Zhuk (@sofya_zhuk) on

Pyi Hein Kyaw

SHARE