မီးဖွားချိန်မမှီတာကြောင့် သမီးကလေးမွေးလာတာကို ဖုန်းထဲကနေသာ ကြည့်ရှုခဲ့ရတဲ့အမျိုးသား

မိဘတွေဟာ ကိုယ့်ရင်သွေးလေးမွေးဖွားတာကို မြင်ရတဲ့အခိုက်အတန့်မှာ သိမ်မွေ့နက်နဲပြီး ဘ၀တစ်ခုလုံးပြောင်းလဲသွားတဲ့ ခံစားချက်ကို ခံစားကြရလေ့ရှိပါတယ်။ ဒါပေမယ့် စစ်သားတစ်ယောက်ဟာ လေယာဉ်ချိန်နောက်ကျခဲ့တာကြောင့် သမီးကလေးမွေးတာကို အရောက်သွားကြည့်ဖို့ အချိန်မမှီခဲ့ပါဘူး။ မိုဘိုင်းဖုန်းကနေတဆင့်ပဲ အမျိုးသမီးမျက်နှာမြင်တာကိုကြည့်ရှုခဲ့ရပါတယ်။

(Picture: Tracy Dover)

စစ်သားနာမည်ကတော့ ဘရုခ်လင်းဆေးဖြစ်ပါတယ်။ ဘရုခ်ဟာ အမျိုးသမီးက ကလေးမီးဖွားတော့မှာ ဖြစ်တဲ့အတွက်ကြောင့် မစ္စပီမှာရှိတဲ့ ဘရန်ဒွန်နေအိမ်ကို လေယာဉ်ခရီးနဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။ ဘရုခ်ဟာ အမျိုးသမီးမီးဖွားချိန်အမှီအရောက်သွားချင်ပေမယ့် လေယာဉ်ချိန်နောက်ကျတဲ့အတွက်ကြောင့် နေအိမ်ဆီကို အချိန်မှီမရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် FaceTime ကနေတဆင့်ပဲသမီးလေးကိုကြည့်နေခဲ့ရပါတယ်။

ဘရုခ်နဲ့အတူ ခရီးထွက်လာတဲ့ ထရေစီဒိုဗာကတော့ ဘရုခ်ဟာ သူ့ရဲ့သမီးကလေးမီလီ လူ့လောကထဲရောက်လာတဲ့ပုံကို ၀မ်းနည်းဝမ်းသာပုံစံမျိုးနဲ့ ဖုန်းထဲကနေကြည့်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထရေစီကတော့ ဘရုခ်ဟာမီလီကိုဖုန်းထဲကနေကြည့်ပြီး ငိုနေတာကြောင့် သူတို့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း၊ ဖုန်းထဲကနေ ကလေးငိုနေသံကိုလည်းအားလုံးကြားရတာကြောင့် ဘရုခ်အတွက်ဝမ်းသာရကြောင်းပြောပြခဲ့ပါတယ်။

READ
တိရစ္ဆာန်ပေမယ့် ငွေရှာပြီး အိမ်ရာမဲ့တွေကို ထောက်ပံ့နေတဲ့ ကြောင်ကလေး

ထရေစီက ဘရုခ်ရဲ့ဓာတ်ပုံကို အခုလိုရှဲလိုက်ခြင်းက လူတွေအနေနဲ့ စစ်သားတွေရဲ့ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကိုသိစေလိုခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့် မီလီက ဖခင်ဖြစ်သူ စစ်သားကြီးကို ပြန်တွေ့ဖို့အချိန်ကြာကြာ မစောင့်လိုက်ရပါဘူး။ ဘရုခ်ဟာ နောက်လေယာဉ်တစ်စီးနဲ့ သမီးကလေးမီလီကို အမြန်တွေ့ရဖို့ကြိုးစားခဲ့ပါတယ်။ ဖခင်ဖြစ်ရခြင်းရဲ့အပျော်ကိုခံစားမိစေတဲ့ ယင်းပို့စ်လေးဟာ ဆိုရှယ်မီဒီယာပေါ်မှာချက်ခြင်းပဲပြန်နှံ့သွားခဲ့တာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Metro

SHARE