ငယ်ငယ်တုန်းကတော့ တူတူပုန်းတိုင်းကို တော်တော်များများဆော့ဖူးကြမယ်ထင်ပါတယ်။ လိုက်ရှာလို့ မတွေ့အောင် ပုန်းနိုင်ရင်တော့ ဘော်ဒါတွေကြားထဲမှာ အကောင်ပါပဲ။ နောက်ဆုံး ရှာလို့မတွေ့တော့တဲ့အချိန်ကျမှ “ပန်းပေးပြီ။ ထွက်လာတော့ဟေ့” လို့ အော်လိုက်မှ ပုန်းနေရာက ထွက်လာခဲ့ကြရတာပါ။ ဒါပေမယ့် စစ်တပ်မှာတော့ ဒီလိုအော်လဲ ဘယ်သူကမှ ထွက်မလာခဲ့ပါဘူး။

Lithuania နိုင်ငံရှိ စစ်တပ်တစ်ခုအတွင်းရှိ စစ်သားတွေဟာ ရက်ပေါင်းတော်တော်ကြာ ပျောက်ဆုံးနေကြာင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အကြောင်းအရင်းကတော့ စစ်သားတွေဟာ ပုန်းတဲ့နေရာမှာ အရမ်းတော်လွန်းနေကြပြီး ယခုထိတိုင် ပြန်ပေါ်မလာသေးတာ ဖြစ်ပါတယ်။
Lithuania စစ်တပ်ရဲ့ သင်တန်းတစ်ခုမှာ စစ်သားတွေဟာ ခြေရာဖျောက်တဲ့ နည်းလမ်းနဲ့ ပတ်သတ်ပြီးတော့ သင်ယူခဲ့ကြပါတယ်။ အဆိုပါ သင်ယူမှုပြီးမြောက်တဲ့ အချိန်မှာတော့ လက်တွေ့လေ့ကျင့်ခန်းအဖြစ် စစ်သားတွေကိုယ်တိုင် ရှာလို့မတွေ့အောင် ပုန်းအောင်းရမှာ ဖြစ်ပါတယ်။ ဒီလို ပုန်းအောင်းနိုင်မှလည်း သင်တန်းဆင်းလက်မှတ်ရရှိနိုင်မှာ ဖြစ်ကြောင်း ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ဖြစ်သူ ပြောဖို့ ကျန်ခဲ့တာတစ်ခုက လက်တွေ့လေ့ကျင့်ခန်းရဲ့ ကြာမြင့်ချိန်ဟာ ဘယ်နေ့ ဘယ်အချိန်ထိပဲလို့ ဆိုတာ ကျန်သွားတယ် ထင်ပါတယ်။

“ မမျှော်လင့်ပဲ ဒီလိုဖြစ်သွားရတာပါ။ အခုလက်ရှိ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရှိသမျှ တီဗ္ဗီရုပ်သံလိုင်းတွေကနေတစ်ဆင့် အခြေအနေအကျိုးအကြောင်းတွေကို ရှင်းပြထားပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကခွေးတွေအပြင် ရဟတ်ယာဉ်တွေနဲ့ပါ တော်နင်းပြီး ရှာဖွေနေပါတယ်” လို့ Lithuania စစ်တပ်မှာ အရာရှိတစ်ဦးဖြစ်တဲ့ Laimis Bratikas က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw