မိသားစုတွင်းပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း(၄)သွယ်

Photographee.eu/Shutterstock

မိသားစုဆိုတာကတော့ လူဦးရေများလေလေ ပြဿနာတွေလည်း များတတ်လေလေပါ။ တစ်ခါတစ်လေဆို မိသားစုဝင် (၃)ယောက်လောက် ရှိရင်တောင်မှ စိတ်အခန့်မသင့်တာမျိုး၊ အော်ကြဟစ်ကြတာမျိုး ဖြစ်တတ်သေးတာပဲမို့လား။ မိသားစုတွင်းမှာ ဒီလို ပြဿနာလေးတွေ မကြာခဏဖြစ်လာပြီဆိုရင် ကိုယ်အပါအ၀င် ကျန်တဲ့မိသားစုဝင်တွေလည်း ပျော်မှာမဟုတ်တော့ဘူးလေ။

ကဲ…ဒီတော့ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုသုံးပြီး မိသားစုတွင်း ပြဿနာတွေကို ဖြေရှင်းလိုက်ကြရအောင်နော်…

(၁)။ ဒေါသမထွက်ပဲ ပြဿနာကို စိတ်ငြိမ်ငြိမ်နဲ့ဖြေရှင်းပါ

မိသားစုထဲမှာ ပြဿနာ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံးဒေါသမထွက်အောင် ထိန်းပါဦး။ ကိုယ်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ဒေါသမထွက်ပဲ ခေါင်းအေးအေးနဲ့ စဉ်းစားကြဖို့ တိုက်တွန်းပါ။ စိတ်ခံစားမှုတွေများနေတဲ့အခါ အမှန်ထက် အမှားကိုဆုံးဖြတ်နိုင်ဖို့ ပိုများနိုင်ပြီး ပြဿနာတွေလည်း ကြီးမားသွားနိုင်တာမို့ ဘာပဲဖြစ်ဖြစ် ခေါင်းအေးအေးထားပြီး စဉ်းစားကြပါ။

Photographee.eu/Shutterstock
(၂)။ လူတိုင်းက မှားတတ်တယ်ဆိုတာ လက်ခံထားပါ

သင်အပါအ၀င် လူတိုင်းက မှားတတ်ကြပါတယ်။ ဒီတော့ တစ်ခါတစ်လေ အမှားလုပ်မိတဲ့သူကို ဘာလို့ အပြစ်တွေ တင်နေမှာလဲ။ အပြစ်တင်မယ့်အစား နောက်တစ်ကြိမ် ထပ်မမှားအောင် ဘေးကနေ ပြုပြင်ပေးတာက မကောင်းဘူးလား။ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက် အမှားလုပ်မိတယ်ဆိုပြီး သူ့ကို ပစ်ပယ်ထားဖို့ မကြိုးစားပါနဲ့။ သူ့အမှားအတွက် ခွင့်လွှတ်ကြောင်းပြောပါ။ သူ့အနားမှာ ရှိနေပေးလိုက်ပါ။

READ
အစားအသောက်အကြောင်းကိုပဲတွေးနေတတ်တဲ့ မိန်းကလေးတွေက ကြင်နာတတ်သူတွေပါ …
lightwavemedia/Shutterstock
(၃)။ အတိတ်ကအမှားတွေကို ပြန်မတူးဖော်ပါနဲ့

မိသားစုထဲမှာ ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ အရင်တုန်းကလည်း ဒီလိုမျိုးဖြစ်ခဲ့တာပဲ၊ ပိုဆိုးခဲ့တာပဲ ဆိုတဲ့ အတိတ်က ဖြစ်ရပ်တွေဆီ ပြန်မသွားပါနဲ့တော့။ ဘယ်သူမဆို မှားခဲ့တာတွေကို ပြုပြင်ချင်ကြသူတွေချည်းပါ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းအောင် နေချင်ကြသူတွေချည်းပါ။ ဒီတော့ တစ်စုံတစ်ယောက်က အမှားတစ်ခု ကျူးလွန်တယ်ဆိုရင် အတိတ်တုန်းက ဘယ်လိုဖြစ်ခဲ့တာ တွေဆီ ပြန်သွားမနေနဲ့ လက်ရှိပြဿနာကိုပဲ အာရုံစိုက်ပြီး ဖြေရှင်းပါ။

anek.soowannaphoom/Shutterstock
(၄)။ သီးသန့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးပါ

တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ပြဿနာက လူအများကြီးရှေ့မှာ ပြောလို့မရတာမျိုး ဖြစ်တတ်ပါတယ်။ လူကြီးတွေရှေ့မှာ မပြောရဲတာ၊ ကလေးငယ်လေးတွေရှေ့မှာ ပြောမထွက်တာ၊ အဲဒီလို အခြေအနေမျိုးတွေ ရှိတတ်တယ်။ ဒီလိုဆိုရင် တစ်ဦးချင်း သီးသန့်ဆွေးနွေးတာမျိုး လုပ်ပေးသင့်ပါတယ်။ သူတို့ရဲ့ပြဿနာတွေကို သေချာသိမှ ဖြေရှင်းဖို့ စဉ်းစားပေးနိုင်မှာမို့ သီးသန့်ဆွေးနွေးမှုတွေအတွက် အချိန်ပေးပြီး ပြုလုပ်ပေးသင့်ပါတယ်။

READ
Best Friendက Boyfriendထက်သာတဲ့ အချက်(၅)ချက်

Linn

Source : Wikihow

 

SHARE