အမေရိကန် အထူးလျို့ဝှက်တပ်ဖွဲ့အကြောင်း အံ့သြဖွယ် လူသိနည်းသေးတဲ့ အချက်များ

ဇာတ်ကားတွေထဲဆိုရင် အမေရိကန် အထူးအေးဂျင့်တွေကိုတွေ့ရတဲ့အခါ အနက်ရောင်ဝတ်စုံတွေ၊ နေကာမျက်မှန်တွေတပ်ပြီး စတိုင်ကျကျနဲ့ပါ။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ အထူးအေးဂျင့်တွေမှန်း သိနိုင်ဖို့ မလွယ်ကူပါဘူး။ ထူးခြားတဲ့ လျို့ဝှက်အေးဂျင့်အဖွဲ့နဲ့ ပတ်သက်လို့ သိထားရသမျှတွေကို အခုလို မျှဝေလိုက်ပါတယ်။

သူတို့ဟာ လက်ရှိ သမ္မတတစ်ဦးတည်းတင် စောင့်ရှောက်တာ မဟုတ်ပါဘူး။ သမ္မတဟောင်းတွေနဲ့ မိသားစုဝင်တွေ၊ သမ္မတရဲ့ ဧည့်သည်တော်တွေကိုပါ စောင့်ရှောက်ပါတယ်။ 

© United States Secret Service / Facebook

သူတို့ဟာ သေနတ်ရှေ့မှာ ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာတွေ၊ ရေထဲမှာ ဘယ်လိုအသက်ရှင်အောင် နေရမလဲဆိုတာတွေစတဲ့ ခက်ခဲတဲ့ လေ့ကျင့်မှုအမျိုးမျိုးကို ပြုလုပ်ပြီးကြသူတွေပါ။

© secretservice.gov

ရှေးဦးသူနာပြုစုနည်းကိုလည်း ကောင်းမွန်စွာ တတ်ကျွမ်းသူတွေ ဖြစ်ပါတယ်။ 

instagram

သူတို့ကိုယ်မှာ သမ္မတရဲ့ သွေးအိတ် အမြဲဆောင်ထားပါတယ်။ တကယ်လို့များ သမ္မတတစ်ခုခုဖြစ်လို့ လိုအပ်သည်ရှိခဲ့ရင် ချက်ခြင်း အသုံးပြုနိုင်အောင်လို့ပါ။

© wikipedia © pixabay

သမ္မတကို ဆရာဝန်ဆီ လိုက်ပြပေးတာလည်း သူတို့ပါပဲ။

© wikipedia

သမ္မတဆီလာတဲ့ ခြိမ်းခြောက်စာမှန်သမျှ သူတို့က ခြေရာခံလိုက်ပါတယ်။

© wikipedia

အားလုံးကို စောင့်ကြည့်ပြီး အားလုံးကို မှတ်တမ်းတင်ပါတယ်။ 

© wikipedia

အထူးအေးဂျင့်အဖွဲ့ဝင်ဖြစ်ပေမယ့် သမ္မတအတွက် အသက်ပေးရမယ်လို့ ကျမ်းသစ္စာကျိန်ဆိုမှုတွေ မပြုလုပ်ရပါဘူး။

© wikipedia

သူတို့ရဲ့ စုရပ်တွေကို လျို့ဝှက်စွာ ထားရှိပါတယ်။

© wikipedia

အထူးအေးဂျင့်အဖွဲ့ဟာ သမ္မတလင်ကွန်း အသတ်ခံရတဲ့နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

© wikipedia

သူတို့ဟာ ဘယ်တော့မှ နေကာမျက်မှန်တွေ မတပ်ကြပါဘူး။

© United States Secret Service / Facebook

လက်တွေဟာ လက်နက်ထုတ်ဖို့ အမြဲအဆင်သင့်ဖြစ်နေပါတယ်။ ဓာတ်ပုံတွေထဲမှာ မြင်ရမယ့် လျို့ဝှက်အေးဂျင့်တွေရဲ့ လက်တွေကို ကြည့်လိုက်ရင် လက်တွေဟာ အမြဲတမ်း ခါးနားမှာရှိနေတာကို တွေ့ရပါလိမ့်မယ်။ 

© eastnews
© wikipedia © eastnews

လင်းလင်း (ShweMom)

READ
International Bikini Day ပေါ်ပေါက်လာပုံ သမိုင်းကြောင်း

Ref: brightside

SHARE