Parasite ရုပ်ရှင်မှာ သူ့ဘ၀ဖြစ်ရပ်မှန်အချို့ ပါဝင်နေကြောင်း ဒါရိုက်တာBong Joon Ho ဖွင့်ဟ

Instagram/ParkSoDam

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာက ရုပ်ရှင်ချစ်သူတွေကြားမှာ ပြောစမှတ်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားရှိပါတယ်။ Parasiteဆိုတဲ့ တောင်ကိုရီးယားရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တောင်ကိုရီးယားဒါရိုက်တာ Bong Joon Ho က ရိုက်ကူးထားတာပါ။ Parasite ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ လူတန်းစားကွာဟမှုကို အပီအပြင်သရုပ်ဖော်နိုင်ခဲ့တဲ့  ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့Palme d’Or a ဆုကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာလည်း ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပြီး နာမည်အကြီးဆုံးရုပ်ရှင်ထူးချွန်ဆုဖြစ်တဲ့  အော်စကာဆုအတွက်လည်း အကောင်းဆုံးရုပ်ရှင်ကားဆုအပါအဝင် တခြားဆုပေါင်း ၆ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့ပါတယ်။

 

တကယ်တော့ Parasite ရုပ်ရှင်ဟာ သူ့ဘဝမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံထဲကတစ်ခုဖြစ်တယ်လို့ ဒါရိုက်တာBong Joon Ho က ပြောဆိုပါတယ်။ ရုပ်ရှင်ရဲ့ ပထမဆုံးဇာတ်လမ်းတစ်ဝက်လောက်ဟာ သူ့ဘဝမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလို့ လန်ဒန်မြို့ Barbican ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အမေး၊အဖြေ အစီစအဉ်မှာ ပြောဆိုခဲ့ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“အဲဒီအချိန်တုန်းကပေါ့ဗျာ။ ကျနော့် ချစ်သူကောင်မလေးက ချမ်းသာတဲ့ မိသားစုတစ်ခုမှာ အင်္ဂလိပ်စာသွားသင်ရတယ်။ အဲဒီကလေးအတွက် လိုအပ်နေတာက သင်္ချာသင်မယ့် ဆရာ။ အဲဒါနဲ့ ကျနော့်ကောင်မလေးက ကျနော့်ကို အဲဒီမိသားစုမှာ သင်္ချာသင်ဖို့ မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအိမ်ထဲမှာ ကျနော်နဲ့ ကျနော့် ချစ်သူတို့ အလုပ်အတူတူ လုပ်ခဲ့ကြတယ်။ စာသင်ကြတာပေါ့။ ရုပ်ရှင်ထဲမှာ ဖြစ်ခဲ့သလိုတော့ ကျနော်တို့ ဆိုးဆိုးဝါးဝါးမလုပ်ခဲ့ပါဘူးဗျာ။ နောက်နှစ်လအကြာမှာ ကျနော် စာသင်တာကနေ အလုပ်ထုတ်ခံခဲ့ရတယ်။ အဲဒီတုန်းက ကျနော့် ချစ်သူက အခု ကျနော့်ရဲ့ချစ်ဇနီးပါပဲ”။

 

 

View this post on Instagram

 

#parasite

A post shared by 박소담 (@sodam_park_0908) on

ရုပ်ရှင်ထဲမှာတော့ ချမ်းသာတဲ့ မိသားစုထဲကို စာသွားသင်တဲ့ အမျိုးသားဟာ တစ်ယောက်ပြီး တစ်ယောက် သူ့မိသားစုတွေကို အလုပ်ထဲကို  ခေါ်သွင်းခဲ့ရာမှ အစပြုပြီး မဖြစ်သင့်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ကုန်တဲ့ အထိ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် Parasite ရုပ်ရှင်ရိုက်ကူးနေစဉ်တုန်းက သရုပ်ဆောင်တွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို သူ ကိုယ်တိုင်က အခုလို ပြောပြခဲ့ပါတယ်။

 

 

View this post on Instagram

 

#cannesfilmfestival #parasite #칸느영화제 #기생충

A post shared by 조여정 (@lightyears81) on

“ကျနော်နဲ့ အလုပ်တွဲလုပ်တဲ့ သရုပ်ဆောင်အများစုက အစကတော့ နည်းနည်းလေး ရှက်နေကြတယ်။ ရှိုးတို့ရှန်းတန်းဖြစ်နေကြတာပေါ့။ အဲဒါနဲ့ ကျနော်က သူတို့ကို ယာမကာတိုက်လိုက်တယ်ဗျာ။  ယာမကာလည်း အစွမ်းပြလာချိန်မှာတော့ ကျနော်တို့တတွေဟာ စည်းစည်းလုံးလုံးဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးသွားကြတယ်”လို့ ဆိုပါတယ်။

Ye Yint Kyaw

SHARE