အမြန်စာစားအသောက်ဆိုင်တွေအကြောင်း လူသိနည်းသေးတဲ့ လျှို့ဝှက်ချက်များ

unsplash/Createria

လူတော်တော်များများက အမြန်စာတွေဆိုရင် နှစ်သက်ကြပါတယ်။ အရသာလည်းရှိတယ်၊ မြန်လည်းမြန်တယ်၊ ဈေးလည်းသင့်တင့်တဲ့အတွက် အမြန်စာအစားအသောက်ရောင်းချတဲ့ဆိုင်တွေက စီးပွားဖြစ်ကြပါတယ်။ အခုအခါမှာတော့ Brightside ကနေတဆင့် တွေ့ရှိရတဲ့ အမြန်စာအစားအသောက်ဆိုင်တွေက လျှို့ဝှက်ချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီဆိုင် စစဖွင့်ချင်းမှာ ကော်ဖီမ၀ယ်သင့်ပါ

ကော်ဖီဆိုင်တွေဟာ နေ့တိုင်း ကော်ဖီစက်တွေကို အထူးဓာတုဆေးတစ်မျိုးနဲ့ ဆေးကြောလေ့ရှိပါတယ်။ မနက်မိုးလင်းကော်ဖီဖျော်တဲ့အခါ ဒီဓာတုဆေးတွေဟာ ပထမဆုံးကော်ဖီခွက်ထဲကို အလွယ်တကူပဲ ၀င်ရောက်နိုင်ပါတယ်။ ဓာတုပစ္စည်းတွေ ကော်ဖီထဲဝင်သွားခဲ့ရင် ကော်ဖီအရသာ ပြောင်းရုံတင်မကပဲ အဆိပ်ဖြစ်စေတာကြောင့် သတိချပ်သင့်ပါတယ်။

unsplash/Alexandra Andersson

အုတ်ဂျုံအနှံ

အမြန်စာစားသောက်ဆိုင်တွေဖြစ်ကြတဲ့ McDonald နဲ့ Burger King တို့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ၀န်ဆောင်မှူပေးတဲ့ ဆိုင်တွေလို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က အရွက်သုတ်၊ အုတ်နှံနဲ့ အခြားအာဟာရပညာရှင်တွေ ထောက်ခံထားတဲ့ အစားအသောက်တွေကို မီနူးထဲ ထည့်သွင်းပြင်ဆင်ထားတာကြောင့်ပါ။ ဒါပေမယ့် သူတို့ရဲ့ အာဟာရပြည့်ဝပါတယ်ဆိုတဲ့ အရွက်သုတ်နဲ့ အဆီများတဲ့ ဘာဂါထဲမှာပါဝင်တဲ့ ကယ်လိုရီပမာဏဟာ အထဲမှာပါတဲ့အစာပလာတွေကြောင့် အတူတူပဲလို့ သိရပါတယ်။ အရွက်သုတ်ထဲမှာပါတဲ့ တချို့ဟင်းသီးဟင်းရွက်တွေရဲ့ ကယ်လိုရီဟာဆိုရင် အသားမှာပါတဲ့ ကယ်လိုရီထက်တောင် ပိုများတယ်လို့ သိရပါတယ်။ ဥပမာ အုတ်ဂျုံပွဲတစ်ပွဲမှာဆိုရင် သကြား(၃၃) ဂရမ်ပါဝင်တဲ့အတွက် မနက်စာအတွက် မစားသင့်တဲ့ အစားအသောက်ပဲဖြစ်ကြောင်း နားလည်သူတွေက ဆိုပါတယ်။

အချိုရည်အအေးတွေဟာ ပိုစားဝင်စေပါတယ်

အအေးတွေသောက်တဲ့အခါ လူဟာ အစားအသောက်ပိုစားချင်စိတ် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ အလားတူပဲ အရသာငန်တဲ့အစားအသောက်တွေ ဥပမာ အာလူးကြော်လို စားစရာတွေ စားတဲ့အခါလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ကယ်လိုရီတွေမတက်ရလေအောင် စားပြီးရင်း စားချင်စိတ်ကို ထပ်ဖြစ်စေမယ့် အချိုရည်ဆိုဒါတွေ သောက်မယ့်အစား လက်ဖက်ရည်ပူ၊ကော်ဖီပူကို သောက်ပြီး အစာစားချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။

unsplash/Sunyu Kim

အမြန်စာရောင်းချတဲ့ဆိုင်တွေဆီ သွားသင့်တဲ့အချိန်

ဆိုင်တွေဆီ သွားသင့်တဲ့အချိန်ကတော့ နေ့လည်ပိုင်း (၁၁း၃၀) ကနေ () နာရီနဲ့ ညနေ() နာရီကနေ () နာရီအတွင်းပဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဒီအချိန်အပိုင်းအခြားတွေမှာဆိုရင် ဧည့်သည်အလာများပါတယ်။ ဒီတော့ အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေး မှာယူစားသောက်နိုင်ပါတယ်။ တစ်ခါတစ်လေ ဒီလို ဧည့်သည်များတဲ့ အချိန်မျိုးမှာ အမြန်စာဆိုင်ရဲ့ဝန်ဆောင်မှူနဲ့ အစားအသောက်အရည်အသွေးကို အကဲစမ်းချင်လို့ လာတဲ့သူတွေလည်း ရှိတာကြောင့် ၀န်ထမ်းတွေဟာ ၀န်ဆောင်မှူအပေါ် ပိုဂရုစိုက်ရကြောင်းလည်း သိရပါတယ်။

ကော်ဖီခွက်များ

အချို့လမ်းဘေးဆိုင်တွေက ကော်ဖီခွက်တွေကို ဖော့ဘူး styrofoam ခွက်တွေသုံးပြီး ပေးလေ့ရှိပါတယ်။ ဒီဖော့ခွက်တွေက ၀ယ်ရတာ ဈေးသက်သာပေမယ့် စားသုံးသူအတွက် အန္တရာယ်ရှိသလို သဘာဝပတ်ဝန်းကျင်အတွက်လည်းမကောင်းပါဘူး။ အထူးသဖြင့် styrofoam ခွက်တွေကို အပူပေးတဲ့အခါ ၄င်းတို့ဟာ လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီလို ခွက်တွေမှာ တြိဂံထဲထည့်ထားတဲ့ နံပတ် () သို့မဟုတ် PS ဆိုပြီး အတိုကောက်နဲ့ အမှတ်အသားပါလာတာကြောင့် ကြည့်လိုက်တာနဲ့ တန်းသိနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE