လူတွေ လေယာဉ်ပေါ်သယ်ယူဖို့ ကြိုးစားကြတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ

Instagram/@TSA

အမေရိကန်နိုင်ငံထဲက လေဆိပ်တွေမှာ နေ့စဉ်လိုလို ခရီးသည် အမြောက်အမြား ၀င်ထွက်နေကြပါတယ်။ လေဆိပ်က လုံခြုံရေးဝန်ထမ်းတွေကတော့ မြောက်မြားလှစွာသော ခရီးသည်တွေရဲ့ လေယာဉ်ပေါ်တင်သွားမယ့် ပစ္စည်းတွေကို သေချာရှာဖွေရတာ တာဝန်ကြီးလွန်းပါတယ်။ အခုအခါမှာတော့ ခရီးသည်တွေ လေယာဉ်ပေါ်ဝှက်ယူဖို့ ကြိုးစားတဲ့ ထူးထူးခြားခြား ပစ္စည်းတစ်ချို့ကို insider မှတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အိမ်မွေးတိရစ္ဆာန်

Instagram/@TSA

သတ်မှတ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို လေကြောင်းလိုင်းအများစုက လေယာဉ်ပေါ် ခေါ်ယူတင်ဆောင်ခွင့် ပေးကြပါတယ်။ ဒါပေမယ့် ခရီးသည် အမျိုးသားတစ်ယောက်ကတော့ (၁၅) လက်မလောက်ရှိတဲ့ မြွေကို  လေယာဉ်ပေါ်သူနဲ့ အတူခေါ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။ မြွေက အဆိပ်တော့မရှိပေမယ့် ကံမကောင်းစွာနဲ့ပဲ လေဆိပ်မှာ ထားခဲ့ရပါတယ်။

ကိုယ်ခံကာကွယ်ရေး ပစ္စည်း

Instagram/@TSA

ဒါကတော့ ကိုယ့်ကိုယ်ကို ခုခံရာမှာ အသုံးပြုတဲ့ လက်ပစ်ဗုံးသဏ္ဍာန် ကြေးဝါနဲ့ပြုလုပ်ထားတဲ့ လက်ဆစ်တွေပဲ ဖြစ်ပါတယ်။ ခရီးသည်တစ်ယောက်က ဒါကို လေယာဉ်ပေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်အမှုထမ်းတွေက တားဆီးခဲ့တာကြောင့် လေဆိပ်မှာပဲ ထားခဲ့ရပါတယ်။

READ
နှစ်ချို့ဝိုင်နဲ့တူတယ်လို့ တင်စားခံနေရတဲ့ အွန်လိုင်းပေါ်က ကလေး(၄) ယောက်ဖခင်

ဓား

Instagram/@TSA
Instagram/@TSA

လေယာဉ်ဝမ်းထဲမထည့်ပဲ ကိုယ်နဲ့အတူ တစ်ပါတည်းယူလာနိုင်တဲ့ ဟန်းကယ်ရီ carry-on ခရီးဆောင်အိတ်တွေထဲကို ဘယ်လိုဓားမျိုးကိုမှ သယ်ဆောင်ခွင့် မပြုပါဘူး။ ဥပမာ ပုံမှာတွေ့ရမယ့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်တဲ့ နှုတ်ခမ်းနီတောင့်ထဲက အံဝှက်ဓားမျိုးကိုတောင် သယ်ခွင့်မပေးပါဘူး။

အနံ့ပြင်းတဲ့ ပစ္စည်းများ

Instagram/@TSA

အလက်စကာပြည်နယ်နေ ခရီးသည်တစ်ယောက်ကတော့ သမင်ချေးတွေကို လေယာဉ်ပေါ်တင်ဖို့ ကြိုးစားတာကြောင့် လေဆိပ်ရဲတွေရဲ့သတိပေးတားမြစ်ခြင်းကို ခံခဲ့ရပါတယ်။ လေကြောင်းလိုင်းတော်တော်များများက အနံ့အသက်ပြင်းတဲ့ ပစ္စည်းတွေကို လေယာဉ်ပေါ်မတင်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

စပရေးဘူးများ

Instagram/@TSA

ရွှေရောင် ငွေရောင်တစ်လက်လက် အမှုန်တွေထွက်တဲ့ စပရေးဘူးတွေဟာ လူကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းအချက် အချို့ကြောင့် ဒီလိုစပရေးဘူးတွေကို လေဆိပ်အရာရှိတွေက စစ်ဆေးတတ်ပြီး လေယာဉ်ပေါ် သယ်သွားမယ်ဆိုရင်တောင် (၄) အောင်စလောက်ပဲ သယ်သွားလို့ရပါတယ်။

ပုဆိန်

Instagram/@TSA

(၁၀) လက်မလောက်ရှိတဲ့ ပုဆိန်လေးတစ်လက်ကို ဘလိတ်ခ်ဆိုသူ သတို့သားတစ်ယောက်က မင်္ဂလာလက်ဆောင်အဖြစ် ရရှိခဲ့တာပါ။ ဘလိတ်ခ်ကတော့ လေယာဉ်ပေါ် ဒီလိုပစ္စည်းတွေ ယူလို့မရမှန်းမသိခဲ့ပါဘူး။ မင်္ဂလာလက်ဆောင်လေးဖြစ်လို့ ယူခွင့်ပြုမယ်ထင်ပြီး လေဆိပ်ထဲယူလာခဲ့ရာက လုံခြုံရေးဝန်ထမ်းက ခွင့်မပြုလို့ အပြင်မှာပဲ ထားခဲ့ရပါတယ်။

READ
ခွဲမရအောင်တူတဲ့ အမြွှာတွေရဲ့ စရိုက်ကွဲပြားမှုတွေကို ပေါ်လွင်စေတဲ့ဓာတ်ပုံများ

လင်းလင်း (ShweMom)

SHARE