လူတွေ တိုက်ပေါ်က ခုန်ချရတဲ့အထိ အခြေအနေစိုးခဲ့တဲ့ LA မြို့က မီးလောင်မှု

[email protected]@HereIsShir

မီးဆိုတာ မလောင်ခင်ကတည်းက တားတာ အကောင်းဆုံးပါပဲ။ မီးလောင်ပြီးသွားရင်တော့ ဘာမှမလုပ်နိုင်တော့ပါဘူး။ အခုလည်း အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်မြို့က မီးလောင်မှုတစ်ခုမှာ လူတစ်ချို့ဟာ မီးလောင်ခံရမှာကြောင့် မီးလောင်နေတဲ့ တိုက်ပေါ်ကနေ ခုန်ချခဲ့ကြကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

twitter/shir

မီးလောင်တဲ့နေရာကတော့ 11740, West Wilshire Boulevard မှာဖြစ်ပြီး ဇန်န၀ါရီ(၂၈)ရက်နေ့ မနက် (၈)နာရီခွဲမှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ကြောင်း၊ ၂၅ ထပ်အဆောက်အအုံရှိ ၆လွှာမြောက်မှာ မီးလောင်ကျွမ်းတာဖြစ်ကြောင်း လော့စ်အိန်ဂျယ် မီးသတ်ဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ မီးလောင်မှုကြောင့်ပဲ လူတစ်ချို့ဟာ မီးသတ်သမားတွေ မရောက်လာခင်မှာပဲ အဆောက်အဦးပေါ်ကနေ ခုန်ချခဲ့ကြောင်း သိရှိရပါတယ်။

 

အပေါ်က ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း လူတစ်ဦးဟာ မီးလောင်နေတဲ့အထပ်ရှိ ပြတင်းပေါက်ကနေ မီးသတ်သမားလာကယ်ဆယ်တဲ့ လှေကားနားရောက်သ်ာအထိ တရွေ့ရွေ့နဲ့ လှမ်းသွားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါမီးလောင်မှုကြောင့် အသက်သေဆုံးသူမရှိခဲ့သော်လည်း လူ(၂)ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ မီးလောင်မှုဟာ ဘယ်ကစသလဲဆိုတာ စုံစမ်းစစ်ဆေးပြီး တရားဝင် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
အလွန် အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ခံရဖို့ရှိနေတဲ့ ဂျပန်က ကမ္ဘာ့အကြီးဆုံးမြို့ကြီး

Pyi Hein Kyaw

SHARE