ကိုယ်ယူလာတဲ့ အသားငါးတွေကို Hoppot အိုးထဲ ခိုးထည့်တာ တရုတ်နိုင်ငံမှာ ခေတ်စားနေ

[email protected]

Hotpot သွားစားရင် များသောအားဖြင့် စားစရာတွေ၊ သောက်စရာတွေကို ဆိုင်ကပဲမှာ ကြတာများပါတယ်။ အပြင်က၀ယ်လာတဲ့ ဟင်းသီးဟင်းရွက် အသားငါးတွေကို ဆိုင်က၀န်ထမ်းတွေ မသိအောင် Hotpot အိုးထဲ ခိုးထည့်ပြီး စားဖူးကြလား။

[email protected] Lai Wu

အခုနောက်ပိုင်း တရုတ်နိုင်ငံသားတွေဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ Hotpot သွားစားတဲ့ အလေ့အကျင့်က တရုတ်နိုင်ငံမှာ ခေတ်စားလာပါကြောင်း asia one မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ တရုတ်နိုင်ငံရှိ နာမည်ကြီး Hotpot ဆိုင်တွေဖြစ်တဲ့  Hai Di Lao, Spice World, and Imperial Treasure အစရှိတဲ့ ဆိုင်တွေမှာလည်း နေ့ညမပြတ်လူတွေအပြည့်ပါပဲ။ ဒီလိုလူတွေများလာတာနဲ့အမျှ ပေါက်ကရတွေလုပ်တဲ့သူတွေလဲ များပြားလာပါတယ်။

READ
မိမိမှာ ကလေးအရွယ်ကတည်းက ကိုကြီးတွေကို သဘောကျတတ်နေသောအခါ…
Freepik/lsachelny

အခုလတ်တလောရေပန်းစားနေတာကတော့ တရုတ်နိုင်ငံက Hotpot ဆိုင်တစ်ချို့မှာ လာရောက်စားသုံးသူတွေက အကြံအဖန်လုပ်တော့ပါပဲ။ ဘာလဲဆိုတော့ အပြင်က ၀ယ်လာတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေကို ဆိုင်က ၀န်ထမ်းတွေ အလစ်မှာ Hotpot အိုးထဲ ထည့်နေကြတာပဲ ဖြစ်ပါတယ်။  အဲဒီ ဗီဒီယိုဖိုင်ကိုတော့ အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။

Cười xĩu xĩu luôn trời =)))

Tết nhất tới nơi rồi, tiền sắm tết còn chẳng có thì liêm sỉ gì tầm này nữa, anh chị em vào học bí kíp ăn lẩu sang chảnh ngon bổ rẻ nhé 😅 😅Cre : CFMEO TV

Posted by Mũi Cà Mau on Thursday, January 9, 2020

Pyi Hein Kyaw

SHARE