Wuhan ဗိုင်းရပ်ကို ကာကွယ်ဖို့ ရရာပစ္စည်းကို အသုံးချပြီး ကာကွယ်နေတဲ့ ခရီးသွားများ

[email protected] [email protected] Chia Lor

လက်ရှိဖြစ်ပွားနေတဲ့ Wuhan ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ခြောက်လှန့်နေပြီဖြစ်ကြောင်း လူတိုင်းလိုလို သိကြမှာပါ။ လက်ရှိမှာတော့ နောက်ဆုံးရထားတဲ့ သတင်းတွေအရဆိုင်တော့ အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အယောက်၁၇၀ ရှိနေပြီး ကူးစက်ခံသူ ၇,၈၈၈ ယောက်ရှိနေပြီဖြစ်ကြောင်း World Of Buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

[email protected]_virus_news

အခုဆိုရင်တော့  Wuhan ဗိုင်းရပ်စ်ဟာ တရုတ်တစ်နိုင်ငံတည်းသာမက အခြားနိုင်ငံတွေကိုသာ ကူးစက်လို့လာပါပြီ။ အကောင်းဆုံးကတော့ လူထူထပ်မှုအများဆုံးနဲ့ လူဝင်လူထွက်အများဆုံးနေရာတွေကို ရှောင်ရှားပြီး mask တွေ တပ်ထားတာကတော့ အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အဆိုပါ ဗိုင်းရပ်စ်ကိုတော်တော်ကြောက်ကြပုံရပါတယ်။ Mask တွေ တပ်ထားရုံတင်သာမက ခေါင်းတစ်ခုလုံးကိုပါ ရေသန့်ဘူးခွံအကြီးတွေနဲ့ ဖုံးအုပ်ထားကြပါတယ်။

[email protected]
[email protected]
[email protected]

တစ်ချို့ကြတော့လည်း ရထားစီးရင်းနဲ့ပါ အဆိုပါ ရေသန့်ဘူးခွံအကြီးတွေကိုတပ်ပြီး စီးကြပါတယ်။

READ
ငွေကြေးမတက်နိုင်တဲ့ သတို့သမီးပေါင်း(၂၅၀)ကို လက်ထပ်ပွဲပြုလုပ်ပေးတဲ့ စိန်သူဌေးကြီး
[email protected] Chia Lor

တစ်ချို့ကြတော့လည်း မဖြစ်မနေကိစ္စနဲ့ အခြားနေရာသွားဖို့ကြုံလာတဲ့အခါမှာ မိသားစုလိုက် ပလပ်စတစ်အိပ်အကြည်အကြီးတွေကို တစ်ကိုယ်လုံး ခြုံလာကြပါတယ်။

[email protected] Fong

ဒါကိုတွေ့တဲ့သူတွေအတွက်ကတော့ တော်တော်ကိုငိုအားထက်သန် ရယ်အားထက်သန်အခြေအနေတစ်ခုပါပဲ။

Pyi Hein Kyaw

SHARE