ရှန်ဟိုင်းမှာ ကျောင်းတွေပြန်ဖွင့် နေသလို ၀ူဟန်မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေတောင် ပြန်ဖြစ်နေ

Image:twitter/@NewsBFM/@CGTN/@PD

ကပ်ရောဂါကို အစပြု ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ အခုဆိုရင် ကျောင်းတွေ လည်း ပြန်လည်ဖွင့်လှစ် နေသလို ပုံမှန် အ တိုင်း လုပ်ငန်းတွေ ပြန်စ နေတဲ့ သတင်းတွေ ကို Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ၀မျှေ ပေးချင်ပါ တယ်။အရင် ဆုံး အနေနဲ့ ကတော့ ၀ူဟန်မြို့ ပြန်လည် လည် ပတ် နေတဲ့ အ ကြောင်းကို ပြော ပြ ပေးချင်ပါ တယ်။

ကပ်ရောဂါ အစပြု ခဲ့တဲ့ ၀ူဟန်မြို့ ကြီးကို ပြန်ဖွင့်လှစ် ခဲ့ပြီး အလုပ် တွေ ပြန် လုပ် သူတွေ ရှိလာပြီမို့  အဓိက လမ်းမ ကြီးတွေမှာဆိုရင် တော့ ယာဉ် ကြော ပိတ်ဆို့ မှုတွေ တောင် ပြန်ဖြစ် နေပါပြီ။ကပ်ေ ရာဂါ စတင်ဖြစ်ခဲ့တဲ့ ၀ူ ဟန် မြို့ကိုတော့ (၇၆)ရက်ကြာ Lockdown ချ ခဲ့တာပါ။ဧပြီ (၇) ရက်နေ့က မှ ပြန်ပြီး စ တင် ဖွင့် လှစ် ပေးခဲ့တာပါ။

 

ပြီးခဲ့တဲ့လ  တွေ တောက်လျောက်လုံးမှာ  တော့ မြို့ ထဲမှာရှိတဲ့ စီးပွားရေး၊လူမှု ရေးတွေ အကုန်လုံးကို ပိတ် ပင် တားမြစ် ထားပြီး မြို့ကို အသွားအလာကန့် သတ်ထားခဲ့တာပါ။ဝူဟန်မှာတော့ ကျောင်းတွေကို မေ (၆) ရက်နေ့ကျ ရင် ပြန် ဖွင့် ဖို့ စီစဉ် ထားပါတယ်။ရောဂါ စတင်ခဲ့တဲ့ ၀ူဟန်က တော့ ပြီးခဲ့တဲ့ လ တွေ ရက်တွေ က COVID -19 နဲ့ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ၀င်ခဲ့ရတာပါ။

အစိုးရ အာဏာပိုင်တွေ က ၀ူဟန်က ဆေးရုံ တွေမှာ နောက်ထပ် COVID -19 ဖြစ်ပွားသူ မရှိလို့ တရားဝင် ကြေညာ ပြီး နောက်တစ်နေ့ မှာတော့ ပြည်သူတွေ က စိတ် အေး သက်သာ ရာ ရ ပြီး အရင်လိုပဲ ပြန်လည် သွားလာေ နကြတာပါ။

ရှန်ဟိုင်းမှာတော့ COVID-19 ကြောင့် ဇန်န၀ါရီ တည်းက ပိတ် ထားခဲ့ရတဲ့ ကျောင်းတွေ ကို အခုဆိုရင် ပြန် ဖွင့် နေ ပါပြီ။ဧပြီ (၂၇) ရက်နေ့မှာတော့ ရှန်ဟိုင်းက အလယ်နဲ့ အထက်တန်း ကျောင်းသားတွေ က ကျောင်းတွေ ပြန်တက် နေကြပါပြီ။

ဒါပေမယ့် လည်း ကျောင်းသား၊ကျောင်းသူတွေရဲ့ ကျန်းမာရေး အတွက် ကိုယ်ပူချိန် တိုင်းပြီးမှ စာသင်ခန်း ထဲ ၀င်ခွင့်ပြု တာ ၊Mask တပ်တာ မျိုးတွေ ကိုတော့ အခုထိ လုပ် နေကြတုန်းပါ။ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်က ပ် မ နေပဲ ခပ်ခွာခွာပဲ နေကြဖို့  ထမင်း စား တဲ့ နေရာ တွေ က အစ စာ သင်ခန်းတွေမှာ ပါ သေချာ လေး ပြင်ဆင် ပေးတာကို တွေ့ ရပါတယ်။အသက် (၈)နဲ့ (၁၁)နှစ် ကလေးတွေ အတွက် ကျောင်းကိုတော့ မေ (၆)၊ (၁)နှစ်နဲ့ (၃)နှစ် ကလေး တွေကိုတော့ မေ (၁၈)တို့မှာ ကျောင်းတွေ ပြန်ဖွင့်ပေး သွားမှာပါ။

 

READ
ဖူးယောင်နေတဲ့ မျက်နှာတွေနဲ့ အောင်လအန်ဆန်နဲ့ဟာဆီဂါဝါ

 

SHARE