ကျန်းမာလှပတဲ့ သွားတွေကို ပိုင်ဆိုင်ဖို့ သတိပြုရမယ့် အချက်များ…

Pexels/Quiony Navarro

သွားတွေဟာ လူ့ခန္ဓာကိုယ်မှာ အမာကျောဆုံး အရာတွေဖြစ်ပေမယ့် ပျက်စီးယိုယွင်းနိုင်ပါတယ်။ ဒါကြောင့် ငယ်သွားလဲပြီဆိုကတည်းက ပါးစပ်ထဲကြိတ်ဝါးမယ့် အစားအသောက်ကို ရွေးချယ်စားသောက်ဖို့ လိုပါတယ်။ ဒါမှလည်း သွားတွေဟာ ကျန်းမာပြီး တာရှည်ခံမှာပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Brightside မှာ တွေ့မြင်ရတဲ့သွားတွေကို အမှူမဲ့အမှတ်မဲ့နဲ့ ပျက်စီးအောင် လုပ်မိစေတဲ့ အမူအကျင့်တွေပါပဲ။

သွားပျက်စီးစေမယ့် အလေ့အကျင့်တွေကို မွေးမြူထားခြင်း

လက်သည်းကိုက်ခြင်းဟာ သွားဖုံးနဲ့ သွားတွေကို ပျက်စီးစေတဲ့အပြင် သွားနေရာတွေကို ရွှေ့စေနိုင်ပါတယ်။ အလားတူပဲ ခဲတံ၊ဘောပင်တွေကို သွားနဲ့ ခဲထားတာ၊ ကြိတ်ဝါးတာတွေဟာလည်း သွားတွေကို ပျက်စီးစေနိုင်ပါတယ်။

Pexels/Olle

အရောင်စွန်းစေတဲ့ အစားအသောက်တွေကို စားသုံးခြင်း

ကော်ဖီ၊ ၀ိုင်နီနဲ့ အနက်ရောင်လက်ဖက်ရည်တွေမှာ tannins လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ အဲ့ဒီ tannins တွေမှာ သွားကို ၀ါစေတဲ့ အရောင်ကွန်ပေါင်းတွေပါဝင်ပါတယ်။ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ ရေခဲချောင်းနဲ့ သကြားလုံးတွေဟာလည်း သွားကို အရောင်တွေစွန်းထင်းစေပါတယ်။

သွားတိုက်ပုံ လွဲမှားခြင်း

သွားတိုက်တဲ့အခါ ခပ်ကြမ်းကြမ်း မတိုက်သင့်ပါဘူး။ အကြောင်းရင်းကတော့ သွားနဲ့ သွားဖုံးတွေကို ပျက်စီးစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သွားကို ဘယ်ညာတိုက်ရုံနဲ့တင် မလုံလောက်ပဲ သွားဖုံးကနေ စလို့ အပေါ်အောက်ကို စက်ဝိုင်းပုံစံ တိုက်ရမှာ ဖြစ်ပါတယ်။ () မိနစ်လောက် အချိန်ပေးပြီး သွားတိုက်သင့်ပါတယ်။ နောက်တစ်ခုကတော့ အစားစားပြီးပြီးချင်း သွားမတိုက်ပါနဲ့။ အက်ဆစ်ဓာတ်ပါတဲ့ အစားအသောက်တွေ စားထားတဲ့အခါ သွားကြွေလွှာတွေဟာ အားနည်းပျော့ပြောင်းနေတာကြောင့် ဒီအချိန်မှာ သွားတိုက်လိုက်ရင် သွားတွေပျက်စီးသွားပါလိမ့်မယ်။ သွားပွတ်တံကိုတော့ () လတစ်ကြိမ်လောက် လဲလှယ်ပေးသင့်ပါတယ်။

Pexels/Edward Eyer

သွားနဲ့ မာကျောတဲ့အရာဝတ္ထုတွေကို ကိုက်ခြင်း

ပုလင်းခွံ၊ ဘူးခွံတွေ၊ တစ်ခါတစ်လေ အ၀တ်အထည်တွေမှာ ပါလာတဲ့ ဈေးနှူန်းပြားတွေကို လူတွေက ကိုက်ဖြတ်ပြီး ဖယ်ထုတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုအပြုအမူမျိုးဟာ သွားတွေကို ပျက်စီးစေတဲ့အပြင် အခန့်အသင့်ရင် သွားတွေ ကျိုးအက်တာ၊ ကွဲတာတွေ ဖြစ်တတ်ပါတယ်။

တစွတ်စွတ်စားခြင်း

တကယ်လို့ စာဖတ်သူဟာ အမြန်စာအစားအသောက်တွေနဲ့ အဆာပြေစာ မုန့်တွေကို ခဏခဏ စားသုံးတတ်သူဆိုရင်တော့ သွားတွေခဏလေးနဲ့ ပျက်စီးဖို့ ရာခိုင်နှူန်းတော်တော်များနေပါပြီ။ အချိုမုန့်တွေနဲ့ အချိုရည်အအေးတွေကို မကြာခဏစားသုံးရင် သွားတွေကို ပျက်စီးစေပြီး သွားအခေါင်းပေါက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့သွားတွေကို ပိုင်ဆိုင်စေဖို့ ဖော်ပြထားတဲ့ အချက်လေးတွေကို ဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE