Comic စာအုပ်လေလံပွဲမှာ ဒေါ်လာ(၁)သန်းကျော်နဲ့ ရောင်းချခဲ့ရတဲ့ Detective Comic #27

[email protected] batman comics

လူတိုင်းလူတိုင်းဆီမှာ ကိုယ်ရူးသွပ်တဲ့ ဝါသနာတစ်ခုဆိုတာ ရှိစမြဲပါပဲ။ ဥပမာ- ရှေးဟောင်းတံဆပ်ခေါင်းတွေကို စုဆောင်းတာမျိုးတွေ၊ ဘယ်သူဆီမှာမှ မရှိနိုင်လောက်တဲ့ စာအုပ်မျိုးကို တန်ဖိုးကြီးပေးဝယ်ပြီး ဝယ်စုတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါတွေိကို ရူးသွပ်တဲ့ လုပ်ရပ်လို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ သူ့အကြိုက်နဲ့သူပါပဲ။ အခုလည်း မကြာသေးခင်အချိန်က Batman ပရိသတ်တစ်ဦးဟာ comics စာအုပ်လေလံပွဲတစ်ခုမှာ Batman ကြီး ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ comics စာအုပ်တစ်အုပ်ကို အမေရိကန်ဒေါ်လာ ၁,၀၇၅,၅၀၀ ပေးပြီး ဝယ်ယူခဲ့ကြောင်း cgccomics သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

amazon.com

အဆိုပါ comics စာအုပ်ကတော့ ၁၉၃၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Detective Comics စာအုပ်ရဲ့ Volume 27 ဖြစ်ပြီး Btaman ကြီးတစ်ယောာက် စတင်ပေါ်ပေါက်လာခဲ့တဲ့ ပထမဦးဆုံး comics စာအုပ်လည်း ဖြစ်ပါတယ်။ အဆိုပါ စာအုပ်ကို အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Dallas မြို့မှာ ကျင်းပတဲ့ ရှေးဟောင်း comics စာအုပ်တွေ လေလံဆွဲရောင်းချတဲ့ ပွဲတော်မှာ Batnman ရဲ့ ပရိသတ်တစ်ယောက်က အမေရိကန်ဒေါ်လာ ၁,၀၇၅,၅၀၀(မြန်မာငွေ သိန်း တစ်သောင်းလေးထောင်နီးပါး) ပေးပြီး ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး comics စာအုပ်တစ်အုပ်ကို ဈေးကြီးပေးဝယ်ယူသွားမှုဟာ ကမ္ဘာပေါ်မှာရှိတဲ့ comics စာအုပ်တိုင်းရဲ့ စံချိန်ကို ချိုးသွားခဲ့ပြီး အဆိုပါ Detective Comics စာအုပ်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး comics စာအုပ်တစ်အုပ်အဖြစ် မှတ်တမ်းတင်သွားခဲ့ပြီ ဖြစ်ပါတယ်။

READ
ပင်လယ်ထဲ စာထည့်ပြီးမျှောလိုက်တဲ့ ပုလင်း၊ နှစ်(၅၀)အကြာမှာ မူရင်းမိသားစုဆီ ပြန်ရောက်

“ဒီလိုမျိုး ဈေးကြီးပေးဝယ်မှုဟာ ကျွန်တော်တို့ ဘဝတစ်လျှောက်ပြုလုပ်လာခဲ့တဲ့ comics စာအုပ်အရောင်းပွဲတောတွေ၊ လေလံပွဲတွေမှာ တစ်ခါမှ မကြုံသေးဖူးသေးတဲ့ ဈေးတစ်ခုပါ။ အရင်နှစ်ပွဲတုန်းကတော့ Superman ပထမဦးဆုံး ပေါ်ပေါက်လာတဲ့ comics စာအုပ်ကို အမေရိကန်ဒေါ်လာ ၃ သိန်းကျော် ပေးဝယ်တာတော့ ကြုံလိုက်ပါသေးတယ်။ အခုလိုမျိုး ကိုယ်ကြိုက်တဲ့ အရာတစ်ခုကို ဈေးကြီးပေးဝယ်ခဲ့တဲ့ လူကိုလည်း တစ်ကယ်လေးစားမိပါတယ်”လို့ အဆိုပါ comics စာအုပ်ပွဲတော်ရဲ့ Sales Director တစ်ဦးဖြစ်သူ Lon Allen က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

#BatmanDay has begun! Answer the call and shine your Bat-Signal today

A post shared by Batman (@batman) on

Pyi Hein Kyaw

SHARE