ကိုယ့်ခွေးရဲ့ချေး ကိုယ်မကျုံးရင် FB ပေါ်မှာတင်ပြီး အရှက်ခွဲမယ်ဆိုတဲ့ ပန်းခြံထဲက ပိုစတာ

Freepik/Dogtime

ခွေပိုင်ရှင်တော်တော်များများဟာ ခွေကျောင်းထွက်ရင် ပန်းခြံထဲမှာ ခွေးချီးတည်တာများပါတယ်။ ခွေးတော်တော်များများကလည်း ပန်းခြံထဲ၊လမ်းထဲ အစရှိတဲ့နေရာတွေမှာ လူတွေနဲ့အတူ ခွေးကျောင်းထွက်လာတဲ့ အချိန်မှာမှ ချီးပါကြတာများပါတယ်။ ပန်းခြံဆိုတဲ့နေရာက လူတွေ အားကစားလာလုပ်၊ အညောင်းညာပြေလမ်းလျှောက်ထွက်ကြတဲ့နေရာပါ။

Pixabay-825545

အခုလို ခွေးပိုင်ရှင်တွေက ပန်းခြံထဲမှာ ခွေကျောင်းထွက်လာရင် ခွေးချီးတည်တာများတော့ တစ်ယောက်ယောက်တော်တော်ဒေါသထွက်ပြီး ကိုယ့်ခွေးချေးကိုယ်ပြန်မကျုံးရင် လူမှုကွန်ယက်တွေမှာ ခွေးပိုင်ရှင်မျက်နှာပုံကိုတင်ပြီး အရှက်ခွဲမယ်ဆျုတဲ့ ပိုစတာတွေဟာ UKနိုင်ငံ၊ Urmston မြို့၊ Willow Play ပန်းခြံထဲရှိ သစ်ပင်တွေမှာ ပိုစတာတစ်ဒါဇင်ထက်မနည်းကပ်ထားကြောင်း Manchester Evening Newsသတင်းဌာနရဲ့ တင်ပြချက်အရ သိရှိရပါတယ်။

Facebook/Cesar Millan

ပိုစတာတွေမှာ ” ကိုယ့်ခွေးရဲ့ချီးကို ကိုယ်ပြန်ကျုံးပါ။ နေရာတိုင်းမှာ ကင်မစာတွေတပ်ထားပါတယ်။ ကိုယ့်ခေးချီးကိုယ်ကျုံးရင် သင်မျက်နှာကြီး facebookပေါ်တက်လာပါလိမ့်မယ်”လို့ ရေးသားထားပါတယ်။ ပိုစတာတွေကတော့ ဇန်နဝါရီလ၉ရက်နေ့မှာ စတင်ကပ်ထားတာဖြစ်ပြီး သစ်ပင်တွေမှာလည်း CCTVကင်မရာတွေ တပ်ထားကြောင်း သိရှိရပါတယ်။ အကယ်၍ ကိုယ့်ခွေးချေးကိုယ်မကျုံးခဲ့ရင် ဘယ်လိုပို့စ်တွေ တက်လာမလဲဆိုတာ တော်တော်စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။

READ
လမ်းဘေးမှာ ဈေးရောင်းရပေမယ့် သမီးကို ဘွဲ့ရအောင် ကျောင်းထားခဲ့တဲ့မိဘများ
Manchester Evening News

Pyi Hein Kyaw

SHARE