တစ်ခုခုနဲ့ဆောင့်မိရာကနေ ဘုထွက်လာရင် ဒီလိုနည်းတွေနဲ့ ပျောက်စေနိုင်ပါတယ်

ခေါင်းကို တံခါးနဲ့ဆောင့်မိတာတို့ ၊ ဒူးခေါင်းကို ထိုင်ခုံနဲ့ ဆောင့်မိတာတို့ ဆိုရင် ရောင်လာတတ်ပါတယ်။ ဒီလိုရောင်ကိုင်းလာရင် အောက်ဖော်ပြပါအချက်တွေနဲ့ ကုပေးနိုင်ပါတယ်။

(၁) ရေခဲ


ရေခဲက ရောင်ရမ်းဒဏ်ရာတွေအတွက် အကောင်းဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ရေခဲက နာကျင်နေတာတွေ နဲ့ ရောင်ကိုင်းနေတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ပါဝင်ပစ္စည်း – ရေခဲ။
– အ၀တ်စနဲ့ ရေခဲကို အုပ်ပေးပါ။
– (၁၅-၂၀)မိနစ်လောက် ရေခဲနဲ့ ရောင်ကိုင်းတဲ့နေရာတွေကို ကပ်ပေးထားပါ။
– (၅)မိနစ်လောက်နားနားပြီး ကပ်ပေးပါ။

(၂) ကြက်ဆူဆီ


ကြက်ဆူဆီကတော့ ခေါင်းဆောင့်မိလို့ ထွက်လာတဲ့ဘုကို ကုသပေးဖို့အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ကြက်ဆူဆီမှာ ရောင်ရမ်းတာတွေကို ကုသပေးနိုင်တဲ့ ဓာတ်တွေပါတာကြောင့် နာကျင်မှုတွေနဲ့ ရောင်ကိုင်းတာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ပါဝင်ပစ္စည်းများ – ကြက်ဆူဆီ ၊ ပျားရည် ။
– ကြက်ဆူဆီ နဲ့ပျားရည် တို့ကို အချိုးအဆ ညီညီရောပေးပါ။
– ရလာတဲ့အရောကို နားကြပ်တံနဲ့ တို့ပေးပြီး ထိခိုက်ဒဏ်ရာကို လိမ်းပေးပါ။
– မိနစ် (၃၀)လောက် ထားပေးပြီး ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။

READ
လူတိုင်းသိထားသင့်တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ကူးစက်ရောဂါများ

(၃) ကြက်သွန်နီ

ကြက်သွန်နီက အစားအသောက်အတွက်လည်း မရှိမဖြစ်သလို ဒဏ်ရာတွေကိုလည်း အရောင်ကျသွားစေမယ့်နေရာမှာ သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းများ – ကြက်သွန်နီ ၊ အ၀တ်စ ။
– ကြက်သွန်နီကို ပါးပါးလှီးပြီး အ၀တ်ဝထဲထည့်ပေးပါ။
– ရောင်ကိုင်းနေတဲ့နေရာကို (၁၅-၂၀)မိနစ်လောက် ဖိပေးထားပါ။
– ပြီးရင်တော့ အနံ့တွေပျောက်သွားအောင် ရေနွေးနွေးနဲ့ ဆေးပေးပါ။

Hannwe Soe

SHARE