ဖိလစ်ပိုင်က Youtuber မောင်နှမတွေနဲ့ အတူ Live လွှင့်ခဲ့တဲ့ Somi

IG/somsomi0309

သြဂုတ်လ ၅ ရက်နေ့တုန်း တောင်ကိုရီးယားရဲ့ kpop idol တစ်ဦးဖြစ်တဲ့ Somi နဲ့ ဖိလစ်ပိုင်နိုင်ငံက vlogger မောင်နှမတွေက အတူတူ live လွှင့်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ allkpop ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။

မကြာသေးခင်ကပဲ Somi ကတော့ What You Waiting For ဆိုတဲ့ သီချင်းသစ်ကို ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဒီသီချင်းသစ်ကိုတော့ အာရှမှာ လူသိများနေတဲ့ အကသမားလည်း ဖြစ်၊ Youtuber လည်း ဖြစ်တဲ့ ဖိလစ်ပိုင်က မောင်နှမတွေက Cover Dance ပြုလုပ်ခဲ့ကြပါတယ်။ Ranz and Niana တို့ လူသိများတဲ့ သူတို့ရဲ့ အကဗီဒီယိုကို Somi ကလည်း တွေ့ခဲ့ပြီးနောက် သူတို့နဲ့ တွေ့ဆုံနိုင်ဖို့ ပြုလုပ်ခဲ့ပါတယ်။

Posted by SOMI (전소미) on Wednesday, August 5, 2020

အဲ့ဒီနောက်မှာတော့ သူတို့တစ်တွေ facebook မှာ live လွှင့်ရင်း တွေ့ဆုံခဲ့ကြပါတယ်။ Live မှာတော့ Somi က သူမရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ What You Waiting For သီချင်းကို ပြင်ဆင်ခဲ့တဲ့ အပိုင်းတွေကို ပြောပြခဲ့ပြီး အခုလို ရောဂါတွေ ပြန့်နှံ့နေတဲ့ ကာလမှာ သူမ ဘယ်လို အလုပ်လုပ်ဖြစ်နေတယ်ဆိုတာကိုပါ ပြောကြားခဲ့ပါတယ်။ သူမကတော့ သူမရဲ့ ဖိလစ်ပိုင်က ပရိသတ်တွေကိုပါ Live ကနေ နှုတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့အားလုံးက  ပရိသတ်တွေ မေးတာကို ဖြေကြားခဲ့ပြီး အချိန်တွေ အတူ ကုန်ဆုံးခဲ့ကြပါတယ်။

READ
ထူးခြားတဲ့ ၀ါသနာကြောင့် နာမည်ကြီးနေတဲ့ မော်ဒယ်မလေး

 

Somi ကတော့ Ranz နဲ့ Niana တို့ကို အကဗီဒီယိုကို ကြည့်ပြီးတည်းက တွေ့ချင်နေခဲ့တာဆိုပြီး ပြောခဲ့ပါတယ်။ အားလုံးပဲ live ကို ပြန်ကြည့်ပြီး အပျော်တွေ ကူးစက်နိုင်ပါစေနော်။

Kham

SHARE