ရဲအရာရှိစာမေးပွဲကို အတူတူဖြေပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ သားအဖ

Facebook_WinstonEdmondson

People မဂ္ဂဇင်းမှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဲဒါကတော့ တက္ကဆက်ပြည်နယ်က Terrant County ကောလိပ်ရဲ့ ရဲအရာရှိစာမေးပွဲမှာ အဖေနဲ့သားနဲ့ တစ်ပြိုင်နက်တည်း အရာရှိစာမွေးပွဲ အောင်တဲ့အကြောင်းလေးပါ။

Winston နဲ့ Christian Edmondson တို့ သားအဖနှစ်ယောက်ဟာ မကြာသေးခင်ကပဲ Tarrant County ကောလိပ်ရဲ့ ရဲရာအရှိစာမေးပွဲကို အတူတူ  အောင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ သမိုင်းတစ်လျှောက် အဖေနဲ့သားအတူတွဲပြီးတော့ ဘွဲ့ရခဲ့ကြတဲ့ ပထမဆုံးသားအဖပဲဖြစ်ပါတယ်။

YouTube- CBSDFW

အခုခေတ် ရဲလုပ်ရတယ်ဆိုတာ တော်ရုံမလွယ်ကူတဲ့ကိစ္စတစ်ခုပါ။ တစ်ချို့သော အငြင်းပွားဖွယ်ကိစ္စတွေကြောင့် ဒီခေတ်ကြီးထဲမှာ ရဲဖြစ်ဖို့အတွက် စိတ်မဝင်စားကြတော့ပါဘူး။ ဒါပေမဲ့လည်း Winston ကတော့ ငယ်ငယ်လေးကတည်းက အရာရှိတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ခဲ့တာပါတဲ့။ သူကိုယ်တိုင် အရာရှိသင်တန်းကျောင်းလည်း တက်မယ်လည်းဆိုရော သားဖြစ်သူကိုပါ စိတ်ဝင်စားလား လှမ်းမေးပြီး သားအဖနှစ်ယောက်သား အတူတူတက်လာခဲ့တာပါ။

READ
လေယာဉ်ပျက်ကျမှုမှာ ပက်စ်ပို့မေ့နေခဲ့လို့ သေဘေးကလွတ်သွားတဲ့နည်းပြရဲ့သား
YouTube- CBSDFW
YouTube- CBSDFW

သင်တန်းကျောင်းဟာ စိတ်ပိုင်ဆိုင်ရာရော၊ အပြင်ပမ်းမှာပါ ခက်ခဲကြမ်းတမ်းတဲ့အတွက်ကြောင့် သင်တန်းကျောင်းတက်နေစဉ်ကာလအတွင်း နှစ်ယောက်သား ဖေးဖေးမမနဲ့ အတူတူရှိနေခဲ့ကြပါတယ်လို့လည်း Winston ကပြောခဲ့ပါတယ်။ ဒီလိုကာလတွေကို အတူတူကျော်ဖြတ်ရင်းနဲ့မှ တဖြေးဖြေးအနေစိမ်းတဲ့ ပတ်သက်မှုကနေပြီးတော့ တော်တော်လေး ရင်းနှီးသွားခဲ့ကြပြီး သံယောဇဉ်တွေလည်း ပိုရှိလာခဲ့ကြပါတယ်တဲ့လေ။

YouTube- CBSDFW

အခု ကျောင်းပြီးသွားတဲ့အချိန်ကျတော့ သားဖြစ်သူ Christian ဟာ Flower Mound ရဲဌာနမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ အရာရှိတစ်ဦးအဖြစ် စတင်ထမ်းဆောင်နေပါပြီ။ Winston ကတော့ အရာရှိစာမေးပွဲ အောင်မြင်ခဲ့ပေမယ့် အသက်အရွယ်အရ သာမာန်ရဲဝန်ထမ်း တစ်ဦးအဖြစ်ပဲ  အေးေးအချမ်းချမ်းနဲ့ တာဝန်ထမ်းဆောင်လျက်ရှိနေပါတယ်။ ဒါလေးကတော့ သူတို့နှစ်ယောက်ရဲ့ အင်တာဗျုးလေးပါ။

penny

SHARE