အမေကိုအိမ်က သရဲခြောက်နေတယ်လို့ထင်အောင် စခဲ့တဲ့ သားဖြစ်သူရဲ့ဗီဒီယို

[email protected]

လူကြီးဆိုတာ စစရာနောက်စရာတော့မဟုတ်ပေမယ်လို့ ကျွန်တော်တို့အနေနဲ့ တစ်ခါတစ်လေ အမေတို့၊ အဒေါ်တို့ကို ချစ်လွန်းလို့ တမင်စတဲ့အခါမျိုးတွေရှိကြတယ်မဟုတ်လား။ အစလွန်သွားပြီး ဆော်ပလော်အတီးခံရလည်း ခဏပေါ့။ တကယ်တော့လည်း မိသားစုဝင်အချင်းချင်းတွင်းမှာလည်း စလိုက်နောက်လိုက်၊ ရယ်လိုက်မောနဲ့လိုက်နေကာမှပဲ ရင်းနှီးမှုတွေပိုလာတတ်တယ်လို့တော့ မြင်မိပါတယ်။

အခုလည်း သားဖြစ်သူက အမေကို စခဲ့တဲ့ဗီဒီယိုလေးတစ်ခုကို ကြည့်ခဲ့ရပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ မီးဖိုချောင်ထဲမှာရှိနေခဲ့တာပါ။ ဒါပေမဲ့ စားပွဲနောက်မှာ ပုန်းနေတဲ့သားဖြစ်သူကိုတော့ သတိထားမိဟန်မပေါ်ခဲ့ပါဘူး။ စစချင်းစားပွဲပေါ်မှာတင်ထားတဲ့ရေဗူးတစ်ဗူးကို ရေခဲသေတ္တာထဲ ထည့်လိုက်ခဲ့ပါတယ်။ ရေခဲသေတ္တာထဲထည့်ပြီးတာနဲ့ အနောက်ကိုပြန်အလှည့်၊ ခုဏကရေခဲသေတ္တာထဲထည့်ခဲ့တဲ့ ရေဗူးနေရာမှာပဲ နောက်ထပ်တစ်ဗူးက ရောက်နေခဲ့ပါတော့တယ်။ သူမအနည်းငယ်တော့အံ့သြသွားခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ အခုလေးတင် စားပွဲပေါ်မှာတစ်ခုတည်းသောရှိနေတဲ့ ရေဗူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တာကို နောက်တစ်ဗူးပြန်ပေါ်လာတယ်ဆိုတော့လေ။

[email protected]

ဒီလိုနဲ့ တစ်ကြိမ်.. နှစ်ကြိမ်.. သုံးကြိမ်မြောက်မှာတော့ သူမအနည်းငယ် သံသယဝင်လာခဲ့ပါပြီ။ အိမ်ပဲ သရဲခြောက်နေသလား၊ ဘာလားပေါ့။ နောက်ဆုံးတော့ စားပွဲအနောက်ဖက်က အသံကြားသွားခဲ့တဲ့အတွက် သွားကြည့်ခဲ့ပေမယ့်လို့ ဘယ်သူမှရှိနေခဲ့ပါဘူး။

တကယ်တော့ အစအနောက်သန်တဲ့သားဖြစ်သူဟာ စားပွဲနောက်မှာ ပုန်းနေရင်း အမေဖြစ်သူ ရေခဲသေတ္တာထဲရေဗူးလှမ်းထည့်နေတဲ့အချိန် သူကဒီဖက်ကနေ ရေဗူးနောက်တစ်ဗူးကို ထပ်တင်လိုက်၊ အမေကဟိုဖက်လှည့်သွားလိုက်၊ သူကရေနောက်တစ်ဗူးကို လှမ်းတင်လိုက်နဲ့ပေါ့။ မသိရင် သရဲခြောက်နေသလိုလိုအမေကိုစခဲ့တာ။

READ
ပုံမှန်မြင်နေကျမဟုတ်တဲ့ လမ်းမတွေထက်က အံ့သြမင်သက်ဖွယ်ရာမြင်ကွင်းများ

ဒါကို သားဖြစ်သူက ဗီဒီယိုခိုးရိုက်ထားခဲ့ကာ @willthengenaral ဆိုတဲ့ သူ့ရဲ့ Twitter account မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

Penny

SHARE