အိမ်ဝယ်ထားတဲ့ အကြွေးတွေ အကုန်ဆပ်ပြီး ဖခင်ကို စောစောစီးစီး အနားယူစေခဲ့တဲ့ သား

[email protected]

အနောက်နိုင်ငံတော်တော်များများမှာ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ချင်ပြီဆိုတာနဲ့ ကိုယ့်မှာအလုပ်အကိုင်ရှိရင် ချက်ချင်းဆိုသလို အကြွေးစနစ်နဲ့ တန်းဝယ်လို့ရတဲ့ ပုံစံတစ်ခုရှိပါတယ်။ အဲဒီလို ဝယ်လိုက်ပြီဆိုတာနဲ့ ကိုယ်ဝယ်လိုက်တဲ့ အိမ်မှာ တန်းနေလို့ ရပြီဖြစ်သလို ကိုယ်လည်း အိုးပိုင်အိမ်ပိုင်နဲ့ ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအိမ်ကို အကြွေးနဲ့ ဝယ်လိုက်ပြီဆိုကတည်းက အကြွေးမကြေချင်း အလုပ်လုပ်ပြီး အလုပ်ကနေရတဲ့ ပိုက်ဆံတစ်ချို့ကို အရစ်ကျ ပေးချေရပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုတရင်တော့ အကြွေးမကျေမခြင်း အလုပ်လုပ်ပြီး အကြွေးဆပ်ရမယ့် ပုံစံပါပဲ။ အဲဒီလိုမျိုး ကိုယ်ပိုင်အိမ်ကို အကြွေးနဲ့ ဝယ်ခဲ့တဲ့ လူတစ်ယောက်ရှိပါတယ်။ အဲဒီလူကတော့ England နိုင်ငံ၊ Gloucestershire မြို့မှာ နေထိုင်တဲ့ Richard အမည်ရ အမျိုးသားကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

[email protected]

Richard ဟာ အိမ်တစ်လုံးကို အကြွေးစနစ်နဲ့ ဝယ်ယူခဲ့ပြီး အဲဒီအိမ်အကြွေးကိုဆပ်ဖို့အတွက် တောက်လျှောက်အလုပ်လုပ်နေရသူ တစ်ဦးဆိုလည်း မမှားပါဘူး။ ဒီလိုမျိုး Richard တစ်ယောက် အိမ်အကြွေးဆပ်ဖို့အတွက် အလုပ်လုပ်နေရတာကို မကြည့်ရက်တဲ့လူကတော့ Richard ရဲ့သားဖြစ်သူ အသက် ၂၄ နှစ်အရွယ်ရှိ Jamie Nylan အမည်ရ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။

READ
ကမ်းခြေကိုခရီးထွက်ဖို့စီစဉ်ထားခဲ့ပေမယ့် ဖျက်လိုက်ရလို့ ကြံဖန်ပျော်နေရတဲ့ဖိုးဖိုးတို့

 

@jamie.nylandHe deserves this.. ❤️♬ Home – Edith Whiskers

Jamie ဟာ နာမည်ကြီး Youtuber တစ်ဦးဖြစ်ပြီး Follower ၂.၃ သန်းကျော် ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်မီဒီယာစတားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီလိုနဲပ Jamie ဟာ Richard မသိအောင် အိမ်အကြွေးတွေ အကုန်လုံးကို ဆပ်ပေးခဲ့ပြီး ဖခင်ဖြစ်သူကို surprise လုပ်ခဲ့ပါတယ်။ အပေါ်က ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Richard ဟာ Jamie တစ်ယောက် အိမ်အကြွေးတွေ အကုန်ဆပ်ပြီးသွားကြောင်း ပြောတဲ့အချိန်မှာ သူ့ကို prank လုပ်နေတယ်လို့ပဲ ထင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့သားဖြစ်သူဟာ တကယ်အိမ်အကြွေးတွေဆပ်ပြီးကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ ဝမ်းသာပြီး မျက်ရည်တွေစီးကျလာကာ သားဖြစ်သူကိုတောင် ဖက်ထားလိုက်ပါသေးတယ်။

READ
အရမ်းဟော့တဲ့ပုံတွေတင်နေလို့ Instagram သုံးခွင့် အပိတ်ခံလိုက်ရတဲ့မော်ဒယ်

 

 

View this post on Instagram

 

A post shared by Jamie (@jamie.nyland)

[email protected]

“အဓိကကတော့ အဖေ ဒီအရွယ်အထိ အလုပ်လုပ်နေတာကို မကြည့်ရက်လို့ပါ။ ဒီလိုမျိုးအသက်ကြီးလာတာနဲ့အမျှ အေးအေးဆေးဆေးနဲ့ အိမ်မှာပဲ အနားယူနေသင့်တဲ့ အချိန်ရောက်နေပါပြီ။ ဒါ့ကြောင့် အဖေရဲ့ အိမ်အကြွေးတွေကို ကျွန်တော်အကုန်ဆပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဖေပျော်နေတာကို တွေ့ရတော့ ကျွန်တော့်လည်း တော်တော်လေးကို ပျော်ရပါတယ်။ ပြီးတော့ ဒီအိမ်က ကျွန်တော့်ကို သူကွယ်လွန်သွားခဲ့ရင် အမွေအဖြစ်ပေးခဲ့မယ့် အိမ်လို့ ပြောခဲ့တဲ့အပေါ်မှာလည်း ကျွန်တော်တော်တော်လေး အံ့သြဝမ်းသာရပါတယ်”လို့ Jamie က Thesun.co.uk သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE