မီးလောင်ဒဏ်ရာကဲ့သို့သော ထူးဆန်းသည့်ဓာတ်မတည့်ရောဂါ

အသက်(၇)နှစ်အရွယ် Kai Kehm အမည်ရ အမေရိကန် ကလေးငယ်လေးဟာ ပဋိဇီဝဆေးတွေနဲ့ဓာတ်မတည့်တဲ့ရောဂါလို့ လက်တလော သတ်မှတ်ထားတဲ့ ဓာတ်မတည့်ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ရောဂါရဲ့ သွင်ပြင်လက္ခဏာက
တော့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာကဲ့သို့ အနီဖုအကြီးကြီးတွေ ပေါ်ပြီး၊ အရေပြားကွာကျခြင်းဖြစ်ပါတယ်။

သားငယ်ရဲ့ရောဂါအခြေအနေနဲ့ပတ်သက်ပြီး အသက် 42 အရွယ် Julie က သောကမီးတောက်လောင်နေပါတယ်။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေပါဘဲ။ ကလေးငယ်ဟာ ဆေးကုသဖို့အတွက် အသုံးပြုတဲ့ ပဋိဇီဝဆေးတွေအားလုံးနဲ့ ဓာတ်မတည့် ဖြစ်နေခြင်းကြောင့် ဆရာဝန်တွေလည်း အကြံရခက်နေပါတယ်။ Kai ဟာ ဒီရောဂါကို အသက်(3)နှစ်အရွယ်က
တည်းက စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဒီကလေးငယ်ရဲ့ဓာတ်မတည့်မှုအခြေအနေကို သိထားခြင်းမရှိတဲ့သူတွေကတော့ ဒီကလေးဟာ မီးလောင်အိမ်ထဲကနေ ထွက်လာသလားလို့တောင် ထင်မှတ်ရတဲ့အထိ ဒဏ်ရာတွေက ဆိုးဝါးပါတယ်။ ဒါကို ဆရာဝန်တွေက Stevens-Johnson syndrome လို့ အမည်ပေးထားပြီး လူတစ်သန်းမှာ တစ်ယောက်လောက်သာ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

READ
လေ့ကျင့်ရေးအတွင်း စစ်သမီးကို နှုတ်နဲ့ အနိုင်ကျင့်ခဲ့တဲ့ တပ်ကြပ်ရဲ့လုပ်ရပ်

Julie က ” ဒီလိုအခြေအနေကို လက်ပိုက်ကြည့်နေရတာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ် … သူဟာ အခုဆို မျက်လုံးတွေတောင် ပိတ်နေပြီ … 10 လောက် သတိမေ့ခဲ့ပါတယ် … ဝေဒနာဘယ်လောက်ပြင်းထန်သလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ … ပြီးခဲ့တဲ့ 2008 ခုနှစ်က သူ့မှာနှလုံးအားနည်းရောဂါရှိလို့ … ဆေးခန်းကို ပြခဲ့ရပါတယ် … အဲဒီကတည်းက သူဟာ ပဋိဆေးဝါးတွေနဲ့ ဓာတ်မတည့်ဘူးဆိုတာ သိခဲ့ရပါတယ် … ” လို့ ဖွင့်ဟခဲ့ပါတယ်။

Kai အသက်သုံးနှစ်အရွယ်မှာ နားထဲကနေ ပြည်တွေထွက်နေခဲ့လို့ Texas Children’s Hospital ကို ပြခဲ့ရပါသေးတယ်၊ ကုသလို့ ဆယ်ရက်အကြာမှာ ရောဂါလက္ခဏာပိုမိုပြင်းထန်ခဲ့ပြီး အကြီးအကျယ် ဖျားနာခဲ့ပါတယ်။ ဆရာဝန်တွေဟာ သင့်တော်မယ့် ဆေးအမျိုးမျိုးကို စမ်းသပ်ပြီးပြောင်းလဲသုံးခဲ့ပေမယ့် Kai ဟာ ဘာဆေးနဲ့မှ အဆင်မပြေပဲ … မူလရောဂါအပြင် ဒီဆိုးဝါးလှတဲ့ ဓာတ်မတည့်ရောဂါကို ခံစားခဲ့ရပါတယ်။

READ
မုန်တိုင်းတွင်း လေယာဉ်ပေါက်ကွဲမှုကနေ အံ့အားသင့်ဖွယ် လွတ်မြောက်ခဲ့တဲ့ ခရီးသွားများ

ဒါပေမယ့် ဆေးကုသလို့ 12 ရက်အကြာမှာ ဒေါက်တာတွေဟာ ဖြစ်နိုင်တဲ့အဖြေတစ်ခုကို သွားတွေကခဲ့ရပြီး အဲဒါကတော့ Kai ဟာ Sulfamethoxazolem ဓာတ်ပေါင်းပါဝင်တဲ့ ပဋိဆေးဝါးတွေက သူ့ကိုလုံးဝအခြေအနေဆိုးစေတယ်ဆိုတာ ကို
တွေ့ခဲ့ရပါတယ်။ အဲဒီနောက် Kai ဟာ တစ်ဖြည်းဖြည်း သက်သာလာပြီး 2012 ခုနှစ် ဇူလိုင် 2 ရက်နေ့မှာ ဆေးရုံကနေ အောင်မြင်စွာ ဆင်းနိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကလေးလေးယောက်ရဲ့ မိဘတွေဖြစ်တဲ့ Cameron နဲ့ Julie တို့ဟာ တတိယသားဖြစ်တဲ့ Kai ကို ဆေးတိုက်တော့မယ်ဆိုရင် ဆေးညွှန်းကို အရင်ဂရုတစိုက်ဖတ်နေရတယ်လို့ သိရပါတယ်။ အခြားကလေး သုံးယောက်မှာ
တော့ ဒီလို ပဋိဆေးဝါးတွေနဲ့ ဓာတ်မတည့်တဲ့ရောဂါ မရှိဘူးလို့လည်း သိရပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE