မိဘတွေကို ကျေးဇူးဆပ်ချင်တဲ့ သားလိမ္မာ​ ဆန္ဒပြည့်တဲ့နေ့

လူရယ်လို့ ဖြစ်လာကတည်းက ကျေးဇူးတင်ရမယ့်ထဲမှာ မိဘနှစ်ပါးက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ကလေးဘ၀ကတည်းက လူတစ်လုံး သူတစ်လုံးဖြစ်လာတဲ့ စေတနာ၊ မေတ္တာတွေ အပြည့်နဲ့ ပျိုးထောင်ပေးခဲ့ကြတဲ့ သူတို့ရဲ့ ကျေးဇူးတွေဟာ ဘယ်လိုမှ ဆပ်လို့ မကုန်နိုင်ပါဘူး။

ဒါပေမယ့်လည်း မိဘတွေကို မတူညီတဲ့ နည်းအသွယ်သွယ်နဲ့ တတ်စွမ်းသလောက် ပြန်လည်း စောင့်ရှောက် ကျေးဇူးဆပ်နေတဲ့ သား၊ သမီးတွေ ကမ္ဘာပေါ်မှာ အမြောက်အမြားရှိပါတယ်။ မိဘကို ပြန်လည် အလုပ်ကျွေးပြုကြတဲ့ သူတိုင်းက အောင်မြင်ကြတာချည်းပါပဲ။

ဒီလို အောင်မြင်နေကြတဲ့ သူတွေထဲမှာ LeJuan James ဆိုတဲ့ ကိုယ်တိုင်ရိုက် ဟာသဗီဒီယိုတွေနဲ့ Youtube မှာ ပေါ်ပြူလာဖြစ်လာသူလည်း တစ်ယောက် အပါအ၀င်ပါပဲ။  သူရဲ့ မိဘနှစ်ပါးရဲ့ အိမ်ထောင်သက်ဟာ (၃၃) နှစ်တိုင်ရှိခဲ့ပါပြီ။ မိဘတွေက သူအခုထိ အသက်ရှင်နေစဉ် တစ်လျှောက်လုံး သူ့တို့ ညီကိုမောင်နှမတွေ အတွက် အရာရာကို ဦးစားပေးကာ ပေးဆပ်ခဲ့ကြတယ်။

READ
အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ဘော်လီဘောကစားသမားတစ်ဦးရဲ့ မိခင်စိတ်ဓာတ်
The Buddy

ဒီလိုနဲ့ သူလည်း အရွယ်ရောက်လာနဲ့အမျှ အလုပ်တွေကြိုးစားပြီး  မိဘနှစ်ပါးအတွက်  လက်ဆောင်ကြီးကြီးမားမား တစ်ခု ဖန်တီးပြီး အံအားသင့်စေဖို့ အစီအစဉ်တွေထားရှိခဲ့တယ်။ LeJuan အခုလို နာမည်မရခင်မှာ သူရဲ့ မိဘနှစ်ပါးက တစ်ယောက်ကို အလုပ် နှစ်ခုစီလုပ်ပြီး မိသားစု ၀မ်းရေးကို ဖြည့်တင်းခဲ့ရတယ်။

အမေက Disney မှာ သန့်ရှင်းရေးနဲ့ ညပိုင်းတွေဆို Walgreens မှာ ငွေသိမ်းလုပ်ရတယ်။ အဖေဆို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ ညဆို Burger King မှာ အရောင်းစာရေးလုပ်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ LeJuan နဲ့ ညီအကိုမောင်နှမတွေကို လူလားမြောက်စေခဲ့တယ်။

အခုနောက်ပိုင်း နှစ်တွေထဲမှာတော့ LeJuan အနေနဲ့လည်း စီးပွားရေး လုပ်ငန်းတွေနဲ့ အခြေတကျဖြစ်လာပြီး သူတစ်လျှောက်လုံးရှိခဲ့တဲ့ တစ်နေ့မှာ အဖေနဲ့ အမေအတွက် အိမ်တစ်လုံး ၀ယ်ပေးချင်တဲ့ဆိုတဲ့ ဆန္ဒတွေကို ဖြည့်တင်းနိုင်ခဲ့ပါပြီ။

READ
Queen အဖွဲ့ရဲ့ Bohemian Rhapsody သီချင်းကို အဆန်ကြီး ပြန်တီးပြတဲ့ ကောင်လေး
The Buddy

အဖေနဲ့ အမေရဲ့ မျက်လုံးတွေကို စည်းပြီး ရပ်ကွက်တစ်ခုတည်းကို မောင်းခေါ်လာတယ်။ လက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး တွဲခေါ်သွားလို့ မိဘနှစ်ပါးခများ ရင်တွေဘာတွေ ထိတ်နေရတာပေါ့။ နောက်တော့ သူတို့ အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင် အိမ်ကြီးရှေ့ကိုရောက်မှာ စည်းထားတာကို ဖြည်စေခဲ့တယ်။

မယုံကြည်နိုင်ဖွယ် မြင်ကွင်းကြောင့် မိဘနှစ်ပါးမှာ မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့ရတယ်။ မိသားစုအတွက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ စိတ်ခံစားမှုတွေ အုံ့မှိုင်းနေတဲ့ အခိုက်တန့်ဆိုလည်း မမှားပါဘူး။ LeJuan ကိုယ်တိုင်တောင် မိသားစုနဲ့ ထွေးပိုက်ပြီး မျက်ရည်တွေ မထိန်းနိုင်အောင် ဖြစ်နေတာ တွေ့ရမှာပါ။ အဲ့ဒီ့နေ့က သူဝတ်ထားတဲ့ အင်္ကျီက စာတန်းလေးအတိုင်း မိသားစုနဲ့ တကွ ကောင်းချီးတွေကိုခံစားရတဲ့ နေ့လေးဖြစ်ခဲ့ပါတယ်။

Source : The Buddy

SHARE