Hollywood ဇာတ်ကားမှာ ပါဝင်တော့မယ့် တောင်ကိုးရီးယား မင်းသမီးချော Son Ye-jin

Instagram/SoeYeJin _SamWorthington

မင်းသမီးချော Son Ye-jin ကတော့ ဟောလီးဝုဒ်ရဲ့ ဇာတ်ကားရိုက်ကူးမှုအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဆိုတဲ့အကြောင်းကို sbs ကရေးသား ဖော်ပြထားပါတယ်။ Son Ye-jin က လာမယ့် ဟောလီးဝုဒ် ဇာတ်ကားသစ် ‘Cross’ မှာ ပါဝင်သွားမယ်ဆိုတဲ့အကြောင်းကို Star News မှာဖော်ပြထားပါတယ်။

https://www.instagram.com/p/CA-NNqjpMms/?utm_source=ig_embed&utm_campaign=loading

Son Ye-jin ဟာ အဲဒီ့ဇာတ်ကားသစ်မှာ မင်းသား Sam Worthington နဲ့တွဲဖက်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Sam Worthington ဟာ ‘Avatar (2009)’, ‘Clash of the Titans (2010)’ နဲ့ တစ်ခြားသော ဇာတ်ကားတွေမှာ ပါဝင်ထားတဲ့ သူတစ်ယောက်ပါ။

‘Cross’ ဇာတ်ကားကို ‘Gattaca (1997)’, ‘In Time (2011)’, ‘The Host (2013)’ နဲ့ တစ်ခြားသော ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Andrew Niccol က ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အနာဂတ်မှာ ကွဲပြားသွားမယ့် နေရာနှစ်ခုအကြောင်းကို ဖော်ပြထားပြီး ဆင်းရဲမှုနဲ့ ချမ်းသာမှုတွေကြားက မတူညီတဲ့ ကွဲပြားတဲ့ နေရာဒေသတွေကို တွေ့မြင်ရမှာပါ။

READ
တင်အတုအစစ်အငြင်းပွားနေမှုအပေါ် ပြန်လည်ဖြေရှင်းခဲ့တဲ့ စုလှိုင်ဝင်း

https://www.instagram.com/p/CAuO3uUJC5F/?utm_source=ig_embed&utm_campaign=loading

Son Ye-jin က ဒီဇာတ်ကားရဲ့ ဇာတ်ကောင် ‘Vera’ အဖြစ်ပါဝင်သွားမှာဖြစ်ပြီး သူမဟာ ဆင်းရဲတဲ့ ဒေသမှာ နေထိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ယောကျာ်းသေဆုံးသွားတဲ့အခါမှာတော့ သူမတို့ရဲ့ဘဝကို ချမ်းသာတဲ့ နေရာသို့ ရောက်အောင် ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ သားကိုတော့ သူမတစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်နေရသူလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Andrew Niccol က ‘Cross’ ဇာတ်ကားအတွက် ကိုးရီးယား သရုပ်ဆောင်တွေကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာတော့ အဓိကသရုပ်ဆောင်အဖြစ် မင်းသမီးချော Son Ye-jin ကို ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။ Son Ye-jin ရဲ့အေဂျင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်မပြုရသေးပါဘူး အတူတူ ဆွေးနွေးမှုတွေ လုပ်နေဆဲပါလို့ ပြောထားပါတယ်။

READ
အောင်မြင်မြင်ပြီးချင်းမှာပဲ မိဘတွေအတွက် အိမ်အရင်ဆုံးဝယ်ခဲ့ပေးတဲ့ အနုပညာရှင်များ

Khin

SHARE