ဂုဏ်မောက်တဲ့ အပြောတွေကြောင့် ဝေဖန်ခံနေရတဲ့ Sonam Kapoor

Image:IG/Sonam Kapoor
Sonam Kapoor က တော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။နာမည်ကြီးတာမှာမှ သူမတစ်ယော က် တည်း မဟုတ်ပဲ မိဘ မျိုးရိုး ကိုက ချမ်းသာပြီး အနုပညာအသိုင်းအ၀ိုင်းမှာ ဆိုရင်တော့ တော်တော်လေး သြဇာ ရှိ တဲ့ မိသားစု က ဆင်းသက်လာတာပါ။ အိန္ဒိယမှာတော့ အရင်တည်းက ဇာတ်နိမ့်၊ဇာတ်မြင့် ခွဲ ခြားဆက် ဆံ မှု တွေ က ဟိုးအရင်တည်းက ရှိလာခဲ့တာပါ။ဆင်းရဲ ၊ချမ်းသာ ခွဲခြားမှုတွေ အပြင် အခုဆိုရင်တော့ ဘောလိဝုဒ်ရဲ့ အနုပညာ လော ကထဲမှာလည်း  အားကြီးသူတွေ က အုပ်စု ဖွဲ့ ပြီး နောက်ပိုင်း အနုပညာလောကထဲ ၀င်လာသူတွေ ကို ဖိနှိပ်၊ဖယ်ကျဉ် တယ် ဆိုတဲ့ သတင်းတွေ ကလည်း တောက်လျောက် ထွက်ပေါ် နေပါတယ်။မင်းသား Sushant Singh Rajput   ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဟာ  ဒီလို ခွဲ ခြားဆက်ဆံ ခံရမှု တွေ ကလည်း တစ်စိတ် တစ်ဒေသ ပါဝင် နေတယ် လို့ ပြော ဆို နေကြပါတယ်။ဒီ အ ကြောင်းကို တော့ storypick မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

I hope you find peace

A post shared by Sonam K Ahuja (@sonamkapoor) on

ဒီလို ဆွေမျိုး ကောင်းစားရေး ၀ါဒီ တွေ ကြီးစိုးနေတဲ့ ဘောလိဝုဒ် အနုပညာ လောက ဆိုပြီး စွပ်စွဲပြောဆို ခံ နေရ ချိန် မှာပဲ မင်းသမီး Sonam Kapoor က သူမရဲ့ တစ်တာ မှာ Post တင်ခဲ့ပါတယ်။အ ဖေ များနေ့ အတွက် တင် တဲ့ Post ဆို ပေမယ့်လည်း သူမရဲ့  ပြောဆို တဲ့ ပုံစံ မျိုးက လူအများ အတွက် မျက်စိ စပါး မွှေး စူးစရာ ဖြစ် ခဲ့  ပါတယ်။ နာမည်ကြီး တွေနဲ့ သူတို့ရဲ့ သားသမီးတွေ ပဲ နေရာ ယူထားတယ် ဆိုပြီး ပြော ဆို ခံ နေရတဲ့ အချိန် မှာပဲ သူမက .. သူမ အခုလို မျိုး နေနိုင်တယ်ဆိုတာ ကံ ကံ၏ အကျိုးကြောင့် ဆိုပြီး ပြော ခဲ့ပါတယ်။သူမရဲ့ အဖေကတော့ ရုပ်ရှင်မင်းသား၊ ထုတ်လုပ်သူ Anil Kapoor ဖြစ်ပြီး Anil Kapoor Films Company ကို ထူထောင် ထားပါတယ်။ အမေကတော့ မော်ဒယ်၊ဒီဇိုင်နာ ဟောင်းတစ်ယောက်ပါ။

 

View this post on Instagram

 

“A father’s tears and fears are unseen, his love is unexpressed, but his care and protection remain as a pillar of strength throughout our lives.” – Ama H. Vanniarachchy I’m blessed to be born to a father who has taught me the value of integrity, morals, progressive ideas and the importance of work ethic, I’m lucky enough to marry into a family where my father in law leads by example with his optimism, spirituality and doing everything he does with an unbeatable conscience. Both of them have given me unconditional love and support. And they’ve both started with nothing and reached stars and have done everything to give their children whatever they need so they don’t have to face the same trials they faced. But our most important inheritance is the values that they have passed down. Happy Father’s Day to the super heroes in my life.. I am because of you.

A post shared by Sonam K Ahuja (@sonamkapoor) on

Anil Kapoor ရဲ့ သမီး ဖြစ်ပြီး ဒီလို ဘ၀ မျိုးကို ရတာ ဟာ သူမရဲ့ ကံ အကျိုး ကြောင့်လို့ ပြောခဲ့ပါတယ်။”ဟုတ် တယ်။ ကျမ က အ ဖေ ရဲ့ သမီး။ကျမ ဒီနေရာကို ရောက်နေတာ အ ဖေ့ ကြောင့် ဆိုတာ ဟုတ်ပါတယ်။ကျမ က အခွင့်ထူး ခံ ရထားတယ်ဆိုတာ လည်း ဟုတ်တယ်။ဒါပေမယ့် ဒါက သူများတွေ စော်ကားဖို့ မဟုတ်ဘူး။ ကျမ အဖေက အလုပ်အရမ်းကြိုးစားတယ်။

သူကြိုးစားလို့ ရ သမျှ အကုန် ကျ မကို ပေးတယ်။ဒါက ကျမရဲ့ ကံ အကျိုးပဲ လေ။ဒီလို မိဘ တွေ ဆီမှာ မွေးလာရ လို့ ကျ မဂုဏ်ယူတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။အခွင့်ထူးခံ လူတန်းစားဖြစ်ရတာ ဂုဏ်ယူ ရမယ့်အ ရာ မဟုတ်ဘူး။ဆင်းရဲ တဲ့ မိသားစုမှာ မွေးလာရတဲ့ သူတွေ က ရော သူတို့ ကံရဲ့ အကျိုးပဲလား.၊သူ့ ကြည့်ရတာ ငွေ ဂုဏ်၊အာဏာ ဂုဏ် တော် တော် မောက် နေတယ်… ဆိုပြီး သူမ အ ပေါ် ဝေဖန် ထားတဲ့  Post တွေ က တော့ အွန်လိုင်းပေါ်မှာ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

READ
ယောကျာ်းလေး၊ မိန်းကလေးမခွဲခြားပဲ ခင်မင်မှုကို တန်ဖိုးထားတဲ့ korea idol များ
Image:twitter/Sonam Kapoor

#SHWEMOM
SHARE