Pad Man ဇာတ်ကားနဲ့ပတ်သတ်ပြီး အမှတ်တရတွေကို ပြောပြခဲ့တဲ့ Sonam Kapoor

Imdb_Padman

Bollywwod ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ Sonam Kapoor ကိုတော့ ရုပ်ရှင်ချစ်ပရိသတ် အများစု သိရှိကြပြီး ဖြစ်မှာပါ။ Neerja, Khoobsurat, The Zoya Factor, Aisha, Pad Man အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကတော့ Sonam နဲ့ မင်းသားကြီး Akshat Kumar တို့ ရိုက်ကူးခဲ့တဲ့ Pad Man အမည်ရဇာတ်ကားဟာ ၃ နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုလည်း ဒီဇာတ်ကားနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို Sonam က ပြန်လည်ပြောပြခဲ့ပါသေးတယ်။

Pad Man ဇာတ်ကားကိုတော့ နာမည်ကြီး Bollywood ဒါရိုက်တာဖြစ်သူ R.Balki က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာ Sonam အပြင် မင်းသားကြီး Akshay Kumar နဲ့ မင်းသမီး Radhika Apte တို့က အားဖြည့်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး National Film Award for Best Film နဲ့ Bandung Film Festival for Imported Film ဆုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းအရာကတော့ ဇနီးဖြစ်သူရဲ့ ဓမ္မတာကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် စက်တစ်လုံးတီထွင်ပေးခဲ့တဲ့ ခင်ပွန်းသည်တစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Comedy-Drama ဇာတ်ကားအမျိုးအစားဖြစ်တာကြောင့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးထဲမှာ ပါဝင်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

READ
ဘုရားဒါယိကာအဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကုသိုလ်ယူနေတဲ့ ဖြိုးမြတ်အောင်

“ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လည်း အမှတ်တရတော်တော်များသလို Akshay Kumar နဲ့ တော်တော်အဖွဲ့ကျပြီး သရုပ်ဆောင်ပိုင်းမှာ အပေးအယူမျှခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဘာလိုလိုနဲ့ ဒီဇာတ်ကားထွက်တာ ၃ နှစ်တောင် ပြည့်သွားခဲ့ပါပြီ။ ဆုတွေလည်း ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပရိသတ်တွေတိုင်း သဘောကျခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရတာ တန်ပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ အခွင့်အရေးပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ Sonam က သူမရဲ့ Instagram မှာ ဖော်ပြခဲ့ပါတယ်။

Pyi Hein Kyaw

SHARE