တက္ကစီပေါ်မှာ ထိတ်လန့်ဖွယ်အဖြစ်ကို ရင်ဆိုင်ခဲ့ရတဲ့ ဘောလိဝုဒ်မင်းသမီး Sonam Kapoor

Instagram/SonamKapoor

ဘောလိဝုဒ်ရဲ့နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ Sonam Kapoor လန်ဒန်မှာ သူမ Uber တက္ကစီငှားစီးစဉ်မှာ ထိတ်လန့်ဖွယ်အဖြစ် ကြုံခဲ့ရလို့ တစ်ခြားလူတွေကိုလည်း Uber တက္ကစီ ငှားပြီးမစီးဖို့ သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆိုနမ်ကပေါဟာ အသက်(၃၄)နှစ် ရှိနေပြီဖြစ်ပြီး ဇာတ်ကားပေါင်းများစွာနဲ့ လူငယ်ထုရဲ့ ရင်ခွင်ထဲကို ထိုးဖောက်လာခဲ့သူပါ။

သူမဟာ လန်ဒန်မှာ တက္ကစီငှားစီးစဉ်၊ ဒရိုင်ဘာက ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ဖြစ်ကြောင်း၊ ကားမောင်းနေစဉ်မှာ ဆဲဆိုအော်ငေါက်ခြင်းတွေ ရှိခဲ့တယ်လို့ ဆိုနမ်က ပြောပါတယ်။ ဆိုနမ်ဟာ ပြီးခဲ့တဲ့ ဇန်ဝါရီ(၁၅)ရက်နေ့က ဒီအကြောင်းကို ပရိသတ် (၁၂.၈)သန်းအထိ ပိုင်ဆိုင်ထားတဲ့ သူမရဲ့ တွစ်တာပေါ်ကနေ ပြန်လည်မျှဝေခဲ့ပါတယ်။

 

“ ကျွန်မ ဒီအတွက် အတော်လေး ကြောက်ရွံ့နေခဲ့တယ် ”လို့ ပြောပါတယ်။ သူမက “ တာဝန်ရှိသူတွေကို ကျွန်မ တိုင်ဖို့ ကြိုးစားခဲ့သေးတယ် … ဒါပေမယ့် ဘာမှ အကြောင်းပြန်ချက် မရခဲ့ဘူး … ရှင်တို့အနေနဲ့ ကိုယ့်ရဲ့စနစ်ကို Update ဖို့ လိုနေပါပြီ .. ဆုံးရှုံးမှုက ပြီးသွားပြီ … ရှင်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး … အကောင်းဆုံးနဲ့ အလုံခြုံဆုံးကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေနဲ့ တစ်ခြားတက္ကစီတွေပဲ ”လို့ ပြောခဲ့ပါတယ်။

အိန္ဒိယမှလုပ်ငန်းစုကိုယ်စားလှယ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် ဘာမှတ်ချက်မှ မပေးလိုကြောင်း ပြောခဲ့ပါတယ်။ Sonam Kapoor ဟာ ဒီမတိုင်ခင်ကလည်း BA လေကြောင်းလိုင်းနဲ့ ပြဿနာတစ်ချို့ရှိခဲ့ပြီး၊ သူမရဲ့ ခရီးဆောင်အိတ် (၂)ကြိမ်တိုင်တိုင် ပျောက်ဆုံးရာကနေ သည်းမခံနိုင်လို့ ပေါက်ကွဲခဲ့ရတာလို့ ဆိုပါတယ်။

 

Uber ဟာ ခရီးသည်လုံခြုံးရေနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိခဲ့တာကြောင့် လန်ဒန်မှာ လုပ်ပိုင်ခွင့် လိုင်စင်ဆုံးရှုံးထားပါတယ်။ ပိုဆိုးတာက အဲဒီဖြစ်စဉ်မှာ ယာဉ်မောင်းတွေဟာ သူတို့ရဲ့လိုင်စင်ကို အခြားလိုင်စင်မရှိသူ မိဘမောင်ဘွားနဲ့ သူငယ်ချင်းတွေကို လွှဲပြောင်းပေးတာမျိုး ဖြစ်စဉ်ပေါင်း (၁၄၀၀၀)အထိ ရှိခဲ့ပါတယ်။ အခုဆို လန်ဒန်မှာ လုပ်ကိုင်ခွင့်ပြန်ရဖို့ Uber ဘက်က ကြိုးစားနေပါသတဲ့။

(၂၀၁၇)ခုနှစ်တုန်းက အိန္ဒိယမှာ အမျိုးသမီးငယ်တစ်ဦး Uber ယာဉ်မောင်းရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပြီး၊ အမေရိကန်မှာ ဒီကိစ္စကို ကြားနာစစ်ဆေးခဲ့ရပါတယ်။ တရားစွဲချက်ထဲမှာ အမျိုးသမီးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ချိုးဖောက်ခြင်းနဲ့ သူမရဲ့အကျင့်စရိုက်နဲ့ပတ်သက်ပြီး သွားပုပ်လေလွင့် မဟုတ်သတင်းလွှင့်ခြင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

 

 

View this post on Instagram

 

🎶 changes the 🌎 @mdlbeast 📹 @thehouseofpixels

A post shared by Sonam K Ahuja (@sonamkapoor) on

ပြီးခဲ့တဲ့လကပဲ Uber တာဝန်ရှိသူတွေက အမေရိကန်မှာ သူတို့ယာဉ်မောင်းတွေက လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု (၆၀၀၀)အထိ ရှိခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပြီး။ ဒီပမာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဖြစ်ခဲ့တဲ့ အမှုတွေထက် သိသိသာသာ ပိုများနေတဲ့ သဘောပါ။ ဒီအမှုတွေထဲမှာ မုဒိမ်းမှု (၄၅၀)အထိ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီအချက်အလက်တွေဟာ အများပြည်သူအတွက်တော့ စိုးရိမ်စရာ အနေအထားဖြစ်ပါတယ်။

လင်းဇော်ကို

SHARE