ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တန်ဖိုးကြီးဇိမ်ခံအသုံးအဆောင်ပစ္စည်းတွေဟာ အရမ်းပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။ ဘောလီးဝုဒ်က ထင်ပေါ်ကျော်ကြားသူတွေဟာလည်း ခေတ်ပေါ်တန်ဖိုးကြီးပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ သူတို့ရှာထားတဲ့ငွေကို သုံးကြပါတယ်။ ပိုက်ဆံရှိပြီး ဈေးကြီးတဲ့ပစ္စည်းဝယ်မသုံးတဲ့ဆယ်လီဆိုတာ ခပ်ရှားရှားပါပဲ။
ဒါကိုထပ်ဖြည့်ပြောရမယ်ဆိုရင်တော့ ကမ္ဘာမှာ sneaker ဖိနပ်ဒီဇိုင်းသစ်တစ်ခု အရမ်းခေတ်စားလာနေပါတယ်။ Kylie Jenner လို ဟောလီးဝုဒ်ဆယ်လီတွေကစလို့ ဘောလီးဝုဒ်ဆယ်လီတွေအထိ sneaker စီးတဲ့အလေ့အထက တော်တော်လေးခေတ်ထနေပါတယ်။ အခုဆို ဘောလီးဝုဒ်ဆယ်လီအားလုံးက အပြင်မှာရှားပါးပြီး ဈေးကြီးလွန်းတဲ့ sneaker တွေကို လိုက်လံစုဆောင်းနေတာဖြစ်ပါတယ်။
View this post on Instagram
😃 @anandahuja @waltaf @farazkhalid @faraz_khalid @mohit216 @harshvarrdhankapoor
ဒီလို sneaker နှစ်သက်တဲ့ဘောလီးဝုဒ်ဆယ်လီထဲမှာတော့ ရုပ်ရှင်သရုပ်ဆောင် Sonam Kapoor လည်းပါဝင်ပါတယ်။ Sonam ဟာ sneaker ဖိနပ်တွေကို ပြင်းပြင်းပြပြနှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ Sonam က သူ့ရဲ့အင်စတာအကောင့်ပေါ်မှာတော့ မောင်ဖြစ်သူ Harshvardhan နဲ့ ဆင်တူဝယ်ထားတဲ့ ဖိနပ်တစ်ရံကိုထုတ်ကြွားခဲ့ပါသေးတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ Limited-edition Air Jordan 1Hight OG Dior sneaker ကိုစီးပြခဲ့တာပါ။ ဒီ sneaker တွေကိုတော့ IT sneaker လို့အလွယ်တကူခေါ်ဆိုကြပါတယ်။
သိကြတဲ့အတိုင်းပဲ limited edition တွေဆိုရင် ကိုယ့်လက်ထဲရောက်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ Sonam ကတော့ သူမရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ဘယ်လောက်ပဲကြီးခဲ့ပါစေ မောင်နှမနှစ်ယောက်ပျော်ရွှင်နေတဲ့ပုံကိုတော့ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Air Dior Jordans sneaker တွေဟာ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကနေ ဒေါ်လာ ၄၀,၀၀၀အထိ တန်ဖိုးရှိတယ်လို့လည်း pink villa သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom