ကိုရီးယားသမိုင်းကို ကမ္ဘာသိအောင် ကြိုးစားနေတဲ့ ဆောင်းဟေကို

မင်းသမီးဆောင်းဟေကိုကတော့ တကယ့်ကို မျိုးချစ်စိတ်ဓါတ် ထက်သန်သူလေးပါ။ ဂျပန်ခေတ်က ကိုရီးယားတွေကို ညှဉ်းပမ်းခဲ့တဲ့ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့ဖူးတယ်လို့ သတင်းထွက်နေတဲ့ ကုမ္ပဏီတစ်ခုက ကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းတာကိုတောင် မှ ပယ်ချခဲ့သူပါ။ အခုလည်း သူမဟာ ကိုရီးယားရဲ့ သမိုင်းကို ကမ္ဘာက သိအောင် ကြိုးစားနေတယ်လို့  soompi မှာဖော်ပြထားပါတယ်။

သြဂုတ်(၁၅)မှာ ကျရောက်တဲ့ ကိုရီးယားလွတ်လပ်ရေးနေ့မှာ ဆောင်းဟေကိုနဲ့ Sungsin Women’s University ရဲ့ ပါမောက္ခ  Seo Kyung Deok တို့ ဟာ သမိုင်းကြောင်းဆိုင်ရာ စာအုပ်ကို ပူးပေါင်းပြီးလှူခဲ့ပါတယ်။ကော်ပီ အုပ်ေ ရ တစ်ထောင်ကို ပရင့်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ Learning Our History from Overseas – Kyoto Version, ဆိုပြီး လှူဒါန်း ခဲ့တာပါ။ဒီစာအုပ်ထဲမှာတော့ Kyoto မှာရှိတဲ့ ကိုရီးယားသမိုင်း ၀င် အဆောက်အအုံ ကျောက်တိုင် တွေ အေ ကြာင်းကို ရေးထားတာပါ။ ကိုရီးယားလိုရော ဂျပန်လိုပါ ရေး ထား တာပါ။

READ
မပြောင်းလဲသေးပဲ နုပျိုသွက်လက်နေဆဲ အလှတရားတွေထုတ်ပြလိုက်တဲ့ ပွင့်နဒီမောင်

ပါမောက္ခProfessor Seo ဟာ ဒီစာအုပ်ကို ထုတ် ဖို့ ပြင်ဆင်နေချိန်မှာပဲ ဆော င်းဟေကိုက စာအုပ်ထုတ်နိုင်ဖို့ ငွေကြေးစိုက်ထုတ်ပြီး ကူညီပေးခဲ့တာပါ။ဆော င်း ဟေကိုက “ဒီကိုရီးယား  guidebook ကနေ Kyoto မှာရှိနေတဲ့ ကိုရီးယား ခရီးသွားတွေကို ကူညီပေးနိုင်မယ်လို့ မျှေ်လင့်ကြောင်း၊လူတွေက ကိုရီးယား ရဲ့ သမိုင်းကြောင်းနဲ့သမိုင်းဝင် နေရာတွေကို ပိုစိတ်ဝင်စားလာဖို့ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။

Professor Seo နဲ့ဆောင်းဟေကိုတို့ဟာ “The Story of Our History Abroad, The Tokyo Edition” ဆိုတဲ့စာအုပ်ကိုလည်း အတူပူးပေါင်းပြီး (၂၀၁၇) မတ်လက ထုတ်ခဲ့ဖူးပါတယ်။အဲ့ဒီစာအုပ်ကတော့  1919 March 1 လှုပ်ရှားမှု အကြောင်းပါ။ကိုရီးယားကို သိမ်းပိုက်ထားတဲ့ ဂျပန်တွေကို အစော ဆုံး ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ကို ရေးထားတာပါ။ အခု ကိုရီး ယား သမိုင်းကြောင်း စာအုပ်ကိုတော့ တရုတ်နဲ့ အမေရိကတို့မှာလည်း လှူဒါန်း သွားမယ်လို့ သိရပါတယ်။

READ
“ဈေးသက်သာတဲ့ အခန်းရှိရင် လမ်းညွှန်ပေးပါ”လို့ အကူအညီတောင်းလိုက်တဲ့ ကစ်ကစ်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE