ဆောင်းဂျွန်​ကီရဲ့ချစ်​သူ​ကောင်​မ​လေးလို့ဆိုကြတဲ့ ​ဆောင်း​ဟေကို အ​ကြောင်း

ခု​နောက်​ပိုင်းအနုပညာ​လောကမှာ Descendants of the Sun ရဲ့မင်းသမီး ​ဆောင်း​ဟေကိုဟာ သူမရဲ့ လှပမှု၊သရုပ်​​ဆောင်​​ကောင်းမှု​ကြောင့်​သာမက ​ဆောင်းဂျွန်​ကီနဲ့တွဲ​နေ​တယ်​ဆိုတဲ့သတင်း​တွေ​ကြောင့်​ပါ တဟုန်​ထိုး​ကျော်​ကြားလျက်​ရှိ​နေပါတယ်​။
သူတို့နှစ်​​ယောက်​ရဲ့ Relationship ကိုတရားဝင်​​ကြေညာထားခြင်းမရှိ​သေး​ပေမယ့်​လည်း ​ဟေကိုတစ်​​ယောက်​ဟာ​တော့ Fangirl တိုင်းအတွက်​​မနာလိုစရာ​ပါပဲ။သို့​ပေမယ့်​လည်း ​ဟေကိုဟာ DOTS မင်းသမီးတစ်​​ယောက်​အဖြစ်​သာမက သူမရဲ့စိတ်​ဝင်​စားစရာ​ကောင်းတဲ့ Personal ​တွေ​ကြောင့်​လည်း ​​ကျော်​ကြားလျက်​ရှိပါတယ်​။
သူမရဲ့စိတ်​ဝင်​စားစရာ​ကောင်းတဲ့ Personal ​တွေက…
ဘဝအစပိုင်းမှာ​တွေ့ကြုံခဲ့ရတဲ့အခက်​အခဲ​တွေ
သူမကို ၁၉၈၁ ခုနစ်​၊နိုဝင်​ဘာ(၂၂)ရက်​​နေ့မှာ​မွေးဖွားခဲ့ ​မွေးပြီးပြီးချင်း​သေလုနီးပါးကျန်းမာ​ရေးအ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ ဒီအ​ခြေအ​နေဟာ ဆရာဝန်​ကလက်​​လျှော့ရလိုက်​တဲ့အထိ အချိန်​ကြာကြာပိုလို့ဆိုးရွားခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ​​ပြန်လည်​သက်​သာလာခဲ့တာ​ကြောင့်​ သူမကို ၁၉၈၂ခုနစ်​၊​ဖေ​ဖော်​ဝါရီ(၂၆)ကျမှ ​မွေးစာရင်းသွင်းနိုင်​ခဲ့ပါတယ်။
မုဆိုးမအ​မေတစ်​​ယောက်​တည်းပြုစုပျိုး​ထောင်​ခဲ့ရသူ
ဒီလို​ယဉ်​​ကျေးသိမ်​​မွေ့တဲ့ မိန်းမလှ​လေးကို မုဆိုးမအ​မေတစ်​​​ယောက်​တည်းပြုစုပျိုး​ထောင်​​ပေးခဲ့တာပါ။သူမငယ်စဉ်တည်းက မိဘများကကွာရှင်းခဲ့ကြပြီး၊ အဲ့​နောက်​မှာ​တော့ သူမအ​မေနဲ့အတူ ဆိုးလ်​မှာ​ပြောင်း​ရွေ့​နေထိုင်​ခဲ့ကြတာပါ။
ပရဟိတ​လုပ်ငန်း​တွေမှာလည်း အားတက်​သ​ရောပါဝင်​သူ
ရုပ်​အဆင်းလှပတဲ့ဟေကိုဟာ အတွင်းစိတ်ထားလည်းလှပသူတစ်​ဦးပါ။ သူမဟာ ပရဟိတအသင်း​တွေဝင်​ထားပြီး မိဘမဲ့​ဂေဟာ​တွေမှာလည်းပုံမှန်​လှူဒါန်းသူပါ။ သူမဟာဒီအလုပ်​​တွေကို လူသိရှင်​ကြားမလုပ်​​တာ​ကြောင့်​ လူ​တော်​​တော်​များများမသိကြပါဘူး။
ဟေကိုရဲ့အချစ်​​ရေး
သူမစတွဲခဲ့တဲ့အနုပညာသည်​က​တော့ Lee Byung Hun ပါ။ ၂၀၀၃ ​​လောက်​က All In ဆိုတဲ့ဇာတ်​ကားရိုက်​ကူးစဉ်​တွဲခဲ့တာဖြစ်​ပြီး ၂၀၀၄ ခုနစ်​မှာ လမ်းခွဲခဲ့ပါတယ်​။
နောက်​တစ်​​ယောက်​က​တော့ Worlds Within မှာသူမနဲ့အတူရိုက်​ကူးခဲ့တဲ့ Hyun Bin ပါ။သူတို့နှစ်​​ယောက်​တွဲ​နေပြီဖြစ်​​ကြောင်း ၂၀၀၉ ခုနစ်​မှာတရားဝင်​​ကြေညာခဲ့ပြီး ၂၀၁၁ ခုနစ်​၊​မေလပိုင်းမှာ လမ်းခွဲခဲ့ကြပါတယ်​။
ဟေကို့အချစ်​​ရေးနဲ့ပတ်​သတ်​ပြီး​ပြောစရာများများစားစားမရှိ​ပေမယ့်​ ခုလက်​ရှိမှာ​တော့ DOTS မင်းသား ​ဆောင်းဂျွန်​ကီးနဲ့တွဲ​နေပြီဆိုတဲ့သတင်း​တွေဟာဆက်​တိုက်​ထွက်​​ပေါ်​နေဆဲပါ။ တရားဝင်​​ကြေညာထားခြင်းမရှိ​သော်​လည်း ​ဟေကို့ကို ဂျွန်​ကီးရဲ့​ကောင်​မ​လေးလို့ပဲ အားလုံးကသတ်​မှတ်​ထားပါသတဲ့။ ဒီနှစ်​​ယောက်​ကိုသ​ဘောမတူတဲ့သူကမရှိသ​လောက်​ပါပဲ​နော်​။
Grinny (Shwemom)
Source: MNG
SHARE